[8]

90 4 1
                                    

[ ငါ့ရည်စားကသူ့ရည်စားဖြစ်နေတယ် ] [ 8 ]

3လကြာသောအခါ...

ဒီ3လအတွင်းမှာ‌ဆောင်း၀င်သွားပြီးဖြစ်ပြီးပိုင်မေစုကလဲကိုယ်လက်အင်္ဂါကောင်းကောင်းလှုပ်ရှာနိုင်ပြီးဖြစ်လို့ဆေးရုံဆင်းရပြီးဖြစ်သည်။နောက်ပြီး၀မ်ရိပေါ်ကသူ့ခံစားချက်တွေကိုသိပြီးသွားပြီးဖြစ်သည်။ရိဟန်ကတော့မေစုကိုတိတ်ပုန်းပိုးဖို့အစဉ်စင်အခုမှစတာဖြစ်သည်။ယွီလန်ကတော့ကော်ဖီဆိုင်အလုပ်တွေနဲ့ကောင်း ကောင်းကြီးအလုပ်ရှုပ်နေသည်။ရှောင်ကျန်ကတော့၀မ်ရိပေါ်နဲ့ခဏခဏတွေ့ဖြစ်နေတယ်။

ပိုင်‌အိမ်တော်ရှိပိုင်မေစုအခန်းထဲတွင်...

မေစုကုတင်ပေါ်တွင်မှောက်ရက်အနေထားဖြင့်အိပ်၍ဖုန်းကြည့်နေပြီးယွီလန်သည်မေစုခါးပေါ်ခေါင်းအုံးကာဖုန်းကြည့်နေသည်။

"မေစု...."
ယွီလန်သည်ပျင်ရိစွာခေါ်လိုက်သည်။

"အင်း...."

"BLစာအုပ်အသစ်ထွက်တယ်ငါ့ကိုSGပေးးးး"
ယွီလန်သည်ဖုန်းထဲကစာအုပ်ပုံကိုကြည့်ကာပြောလိုက်သည်။

မေစုသည်သူခါး‌ပေါ်ခေါင်းအုံးနေတဲ့ယွီလန်၏နဖူးကိုလက်ဖြင့်ရိုက်ကာ
"အောင့်မလေးးးမသာမရယ်SGဆိုတာစပိုက်ရိုက်!ဆိုပြီးရုတ်တရက်မထင်မှတ်ပဲပေးရတာဟ"

"အားးးခွေးမ...!နင့်နော်"
ယွီလန်ထထိုင်ကာမေစုကိုမျက်စောင်ထိုးကာကြည့်လိုက်သည်။

"အဲ့တော့"
မေစုသည်မထိမမြင်ပုံစံဖြင့်ကြည့်လိုက်သည်။

"ရုပ်လေးချောသလောက်‌စောက်ကျင့်ပုတ်တဲ့မသာမ..."
ယွီလန်သည်လက်ခလယ်ထောင်ကာပြောလိုက်သည်။

မေစုသည်ခေါင်းအုံးကိုကိုင်ကာယွီလန်ကိုရိုက်လိုက်သည်။
ယွီလန်ကလဲအထိမခံ‌ရွှေပန်ကန်မို့ပြန်ရိုက်လိုက်သည်။

မေစုကလဲယွီလန်ကိုအားရပါးရပြန်ရိုက်လိုက်သည်။

ယွီလန်မေစုခေါင်းအုံးဖြင့်ရိုက်လိုက်တဲ့အရှိန်ကြောင့်ကုတင်ပေါ်ကနေနောက်ပြန်ပြုတ်ကျသွာသည်။တော်သေးတာပေါ့ကြမ်းပြင်မှာသားမွှေးအခင်းခင်းထားလို့ပေါ့။

[ ငါ့ရည်စားကသူ့ရည်စားဖြစ်နေတယ် ]  [ ငါ့ရည်စားကသူ့ရည်စားဖြစ်နေတယ် ]Where stories live. Discover now