[11]

55 5 0
                                    

[ ငါ့ရည်စားကသူ့ရည်စားဖြစ်နေတယ် ] [ 11 ]

•••

စာပွဲထိုးကောင်လေးသည်ခဏကြာ‌တော့စားသောက်ဆိုင်ရှိရုံခန်းထဲမှထွက်လာကာ
ပိုင်မေစုရှိသောစာပွဲဝိုင်းဘက်ကိုအဆင်ပြေကြောင်းလက်မထောင်းပြကာပြုံးလိုက်သည်။

ပိုင်မေစုသည်သူအကြံအောင်မြင်တော့မည်ဖြစ်သောကြောင့်ပျော်ရွှင်သွားသည်။

စာပွဲထိုးလေးသည်ရှောင်ကျန်နှင့်၀မ်ရိပေါ်ရှိသည့်ဝိုင်းကိုသွားကာအားနာသည့်ပုံစံဖြင့်...
"စောင့်ရတာကြာစေတဲ့အတွက်ကျွန်တော်တောင်ပန်ပါတယ်..."

"ရပါတယ်ဗျ"
ရှောင်ကျန်သည်ပြုံး၍ပြောလိုက်သည်။

"ကျေးဇူးပါ...အခုကျွန်တော်တို့‌ဆိုင်မှာတစ်လတစ်ခါပြုလုပ်သည့်အထူးအစဉ်စင်ရှိပါတယ်ဗျ...အကိုတို့နှစ်ယောက်ကိုပါ၀င်ဖို့ကျွန်တော်ဖိတ်ခေါ်ပါရစေ..."
စာပွဲထိုးလေးသည်အားတက်တရောပြောလာသည်။

"ဘာအစဉ်စင်လဲ?"
၀မ်ရိပေါ်သည်သိချင်စွာမေးလိုက်သည်။

"ဟုတ်...အစဉ်စင်ကတော့စုံတွဲဓာတ်ပုံရိုက်ရမှာပါ...ဓာတ်ပုံသုံးပုံလောက်ရိုက်ပြီးရင်ကျွန်တော်တို့ဆိုင်ရဲ့နံရံမှာဓာတ်ပုံကိုကပ်ထားမှာပါ
နောက်ပြီးအစဉ်စင်ပါ၀င်ပေးတဲ့အတွက်လက်ဆောင်အနေနှင့်အကိုတို့ဝိုင်းကိုကျွန်တော်တို့ဆိုင်ကပိုက်ဆံမယူပါဘူး....
နောက်ပြီးအကိုတို့ကပထမဆုံးအစဉ်စင်ပါ၀င်သူဖြစ်သည့်အတွက်အကိုတို့ဓာတ်ပုံကိုထင်ရှာသည့်နေရာမှာကပ်ပေးထားမှာပါဗျ"
စာပွဲထိုးကောင်လေးသည်တက်ကြွစွာပြောနေသည်။

ထိုကောင်လေးသည်ပျော်ရွှင်တက်ကြွစွာပြောနေပုံပေါက်ပုံအရဆိုင်ရှင်နှင့်မန်နေဂျာသည်
ပိုင်မေစုပေးလိုက်အကြံကိုကြိုက်သွားပုံရပြီး၏အစဉ်အစင်ကိုဆက်လက်လုပ်သွားမည်ပုံပေါ်သည်။

ရှောင်ကျန်သည်စာပွဲထိုးကောင်လေးပြောပြသည့်ကိုနားထောင်ပြီးအားနာသွားကာ...
"အာ...ညီလေးအကိုတို့ကအတွဲတွေမ..."

"လက်ခံပါတယ်"
၀မ်ရိပေါ်သည်ရှောင်ကျန်ပြောလို့မပြီးခင်ဖြတ်ပြောလိုက်သည်။

[ ငါ့ရည်စားကသူ့ရည်စားဖြစ်နေတယ် ]  [ ငါ့ရည်စားကသူ့ရည်စားဖြစ်နေတယ် ]Where stories live. Discover now