[ ငါ့ရည်စားကသူ့ရည်စားဖြစ်နေတယ် ] [ 7 ]
ကားလေးသည်'April Moon Coffee Shop'သိုတရွေ့ရွေ့မောင်းနှင်းလာပြီးနောက်ကော်ဖီဆိုင်လေးသို့ရောက်လာသည်။
ကော်ဖီဆိုင်လေးမှာရိုးရိုးရှင်းရှင်းကော်ဖီဆိုင်လေးနှင့်ကော်ဖီဆိုင်လေးဘေးကမှန်များဖြင့်တည်ဆောက်ထားသောမှန်အိမ်လေးထဲမှာသစ်သားစင်များထဲမှာပန်းအိုးမျိုးစုံနှင့်တန်းလန်းချိတ်ဆွဲထားသောနွယ်ပန်းပင်လေးများနှင့်မှန်အိမ်ရှေ့ကသစ်သားခွက်ကြီးထဲမှာထည့်ထားသောပန်းစည်းအမျိုးမျိုးနှင့်လှပလှသည်။ကော်ဖီဆိုင်လေးကလဲအညိုဆိုင်ဘုတ်နှင့်
'April Moon Coffee Shop'ဆိုတဲ့စာလုံးလေးတွေကိုအပြာရင့်ရောင်စာလုံးများနှင်စီချယ်ထားပြီးလခြမ်းလေးဟာလှပစွာနေရာယူထားသည်။ကော်ဖီနံသင်းသင်းလေးဟာကော်ဖီဆိုင်အနှံမှာပျံနှံနေပြီးဂန္တ၀င်ဂီတသံလေးဟာအသံမတိုးမကျယ်အနေအထားဖြင့်လှပစွာပျံနှံနေပြီးပန်းရနံလေးတွေဟာမွှေးကြိုင်လှသည်။မေစုသည်ကော်ဖီဆိုင်ကြီးကိုမျက်တောင်မခက်ပဲကားထဲကနေကြည့်နေတော့သည်။ကော်ဖီဆိုင်ထဲမှာတရိပ်ရိပ်လှုပ်ရှာနေတဲ့လူတွေနှင့်ကိတ်မုန့်
နှင့်ကော်ဖီသောက်စားကာစကားမြည်းနေတဲ့လူတွေကိုသူမလိုက်ကြည့်နေသည်။"မေစုဆင်းရအောင်လေ..."
ရိဟန်သည်မေစုကိုပြုံးကာပြောလိုက်သည်။"ဪဟုတ်"
ရိဟန်သည်မေစုကိုဝှီချဲကာတင်ပေးလိုက်သည်။သုံးယောက်သားကတော့ခုနကတော်တော်လန်သွားတဲ့ပုံပေါ်ပါတယ်လေတွေတ၀ကြီးရှုလို့။
ရိဟန်သည်ကော်ဖီဆိုင်ထဲသို့ဝှီချဲတွန်းကာ၀င်လိုက်သည်။ဝှီချဲသမားတွေအတွက်သက်သက်လမ်းရှိလို့တော်သေးတာပေါ့။ကော်ဖီဆိုင်တံခါးကိုဖွင့်ကာ၀င်လိုက်သောအခါခေါင်လောင်းသံလေးဟာမြည်သွားသည်။
"ကြိုဆိုပါတယ်...လောင်...လောင်ပန်"
ယန်ယိယိသည်ခေါင်လောင်းသံလေးကြာလို့ထွက်ကြိုဆိုလိုက်ပြီးဝှီချဲပေါ်မှာထိုင်နေသူ့လောင်ပန်ကိုမြင်လိုက်တော့အခါ၀မ်သာအားရဖြင့်အော်ခေါ်လိုက်သည်။
YOU ARE READING
RomanceUnicode and Zawgyi သိချင်ကိုယ်ဘာသာ၀င်ဖတ်:3 ရှောင်ကျန်နှင့်ပိုင်မေစုဟာရည်စားတွေဖြစ်ပြီး တနေ့မှာ၀မ်ရိပေါ်နှင့်ပိုင်မေစုဟာစေ့စပ်ဖို့အကြောင်းဖန်လာပြီးနောက်သုံးယောက်သာလက်မခံနိုင်တာကြောင့်စေ့စပ်ပွဲဖျက်ဖို့အမျိုးမျိုးတွေးကြပေ့မယ်ဘယ်အကြံမှာအသုံးမကျပေ။ တနေ့မ...