အပိုင်း၃ (Unicode)

115 7 0
                                    


မဟာဆန်အောင်လှနေသည့်ပုဂံ၏ခေါ်ဆောင်မှုနဲ့အတူသဘင်ထူးပြဿဒ်ကြီးဘုရားသို့ရောက်ခဲ့ရသည်။
သဘင်ထူးအဖို့ပန်းချီကားတစ်ချပ်လို၊အိမ်မက်တစ်ခုလိုပါပင်။
လွတ်လပ်သည့်အရသာက တယ်ချိုပါလား။

"အစ်ကို...ဒါပြဿဒ်ကြီးဘုရားမလားဟင်"

နှောင်းအက္ခရမောင် ခတ်ဆတ်ဆတ်ပြုံးလိုက်ကာသဘင်ထူးကထိုမှစကားအခြေအနေပြန်ပြင်မယ်လုပ်လိုက်သည်။

"မကြိုက်ဘူးလားနောက်မကြိုက်ရင်မခေါ်တော့ဘူး"

"ခေါ်ပါမင်းကြိုက်သလိုခေါ်ပါ။ခနကမင်းပြောတဲ့ပြဿဒ်ကြီးဘုရားဟုတ်တယ်ဒါပြဿဒ်ကြီးဘုရားညနေခင်းနေဝင်ချိန်ကြည့်လို့ရတယ်။"

"ညနေထိနေလို့ရရင်ဆည်းဆာလေးကြည့်ချင်တာပေါ့အစ်ကိုရယ်" ဟု စိတ်ထဲကပြောမိပါသည်။

2016ပုဂံကငလျင်မလှုပ်ခတ်သေးသောအချိန်ပင်။

ဘုရားပေါ်ခပ်သွက်သွက်လျှောက်လာတော့သည်။
နေကလည်းပူအပြင်ဘက်နေရောင်ခြည်ကအတော်ပြင်းလေတော့သည်။
အကျီပါးပါးလေးဝတ်ထားလေပေမယ့်ပူတော့ပူနေစမြဲပင်။
နောက်ကနေမနှေးမမြန်လိုက်လာသောထိုလူသားကိုလှည့်ကြည့်ရစမြဲ။
ဇာတ်သဘင်အဖွဲ့ ထဲမှာမူ မိန်းကလေးသဘင်သည်များနှင့် အတူ အလုပ်တွဲလုပ်ရသည်မို့ သူစိမ်းယောက်ကျားလေးတစ်ယောက် ကြာကြာမနေဖူးပင်။
သူလည်း ယောကျာ်း လေး ပင်ဟုတွေးကာ သက်ပြင်းတစ်စချမိ၏။

" ပူနေတယ်မလားမောင်ရင် "

ဟုပြောကာအက္ခရတစ်ယောက် ပုသိမ်ထီးနီနီလေးလှမ်းပေးလိုက်သည်။
စိတ်မရိုးမရွဖြစ်မိသွားသည်။
အကြည့်ချင်းမဆုံအောင်လည်း ကြိုးစားနေရသည်။
အို.....မလွယ်ပါလား။

"ကျေးဇူးပါ အစ်ကို ဒါနဲ့အစ်ကိုက မြင်းလှည်းမောင်းတာလား။ ခရီးသည်တွေ နေ့တိုင်းတွေ့ရတော့ပျော်ရတာပေါ့နော် အစ်ကို"

နှောင်းအက္ခရမောင် ပြုံးမိလေသည်။
လိမ်သည့်ကိစ္စနှင့် မထူးတော့ လိမ်လိုက်တော့မည်။
စကားခတ်ရှည်ရှည်မပြောချင်သည့်အတွေးကနည်းနည်းပင်။ ထိုလူသားငယ်ကို လိုက်ပို့ပေးချင်သောစိတ်ကပါလိမ့်မည်ထင်၏။

မောင့်သဘင်သည် (Ongoing) Where stories live. Discover now