အပိုင်း၅ (unicode)

96 10 0
                                    

ဉယျာဥ်ကဲ့သို့ လှပတိတ်ဆိတ်နေသော စံအိမ်ကြီးထဲ အက္ခရ တစ်ခါမျှပင် မရောက်ဖူးပါ။
ဆယ့်နှစ်ရာသီပွင့်သော ပန်းတွေအစုံအလင် စိုက်ပျိုးထားသော စံအိမ်ကြီး ဖြစ်သည်မို့ အက္ခရ တည်ငြိမ်စွာပြုံးမိ၏။
သုံးဘီးလေးကို ခြံတံခါးထိ မောင်းခဲ့လိုက်သည်။
ခြံတံခါးဝ ခေါင်းလောင်းလေး တီးကာ....

" ဒီမှာခင်ဗျ ဆန်အိတ်လာပို့ခိုင်းလိုက်လို့ပါခင်ဗျ"

" အမောင်က ဘယ်သူတုန်းကွဲ့ နို့....ခါတိုင်းပို့နေကျ သူမဟုတ်ပါလား "

"ကျွန်တော်က အသစ်ပါခင်ဗျ ဘကြီးစွေက ကျွန်တော့်ကို လွှတ်လိုက်တာပါဗျ "

"အေး..အေးလာကွယ် အမောင့် သုံးဘီးကို အထဲမောင်းခဲ့ကွဲ့ "

သုံးဘီကို စက်နိုးကာ ခြံဝင်းအတွင်းသို့ ဝင်ခဲ့လိုက်သည်။ အိမ်အပြင်ဘက်က မြင်ရသည့်ပန်းများ ယခု အနီးကပ် မြင်ရတာ စိတ်ချမ်းစရာအလွန်ကို ကောင်းခဲ့သည်။
စံအိမ်အဝင်ဝ ကားဂိုဒေါင်တွင် သုံးဘီးကားစက်ရပ်ပြီးသော် ......

" အမောင်က ဦးစွေ လွှတ်လိုက်တာလား ကွဲ့"

"ဟုတ်ပါတယ် ကျွန်တော့်နာမည်က နှောင်းအက္ခရ ပါ
ခါတိုင်း အလုပ်သမား ကောင်လေးက တစ်ခြားဘက်ပို့လိုက်လို့ ကျွန်တော်က လာပို့ပေးတာပါ ကြီးဒေါ် "

တစ်ပတ်လျို ဆံထုံး ဖြင့် သွားခပ်ကြဲကြဲ ကွမ်းယာတစ်ပျစ်ပျစ် ပြောနေသော အသက်၅၀ကျော်
ဟန်ရှိပုံရသော အမျိုးသမီးကြီးက အိမ်ထဲသို့ မရင်းနှီးသော သူစိမ်း ဝင်တာကြိုက်ဟန်မတူ။
နှောင်းအက္ခရမောင် ကို သေချာလေ့လာပြီးမှ စံအိမ်တော်အတွင်းသို့ ဝင်ခွင့်ပြု၏။

"မမကြီးရေ မမကြီး ဒီမှာ စာရင်းရှင်းမယ့်သူရောက်နေတယ် "

စံအိမ်အတွင်းသို့ ထိုအမျိုးသမီးကြီး၏ အသံဟာ ဟိန်းတက်လို့သွား၏။
စံအိမ်ကြီးရဲ့ နေရာကျယ်လောင်မှု ဟာ ပုံတော်ဖိနပ်ထူ ဖြင့် ကျွန်းလှေကား ထက်မှ ဆင်းလာသော မမကြီးဟူသည့် အမျိုးသမီးရဲ့ ဖိနပ်သံယဲ့ယဲ့ ကြားလိုက်ရသည်။

"မမကြီး ဒီမှာပါ ဆန်စာရင်းရှင်းမယ့်သူပါ "

"အေး ငါသိတယ် မိမိ တို့ဘာလုပ်နေကြတာလဲ သံပုရာရည်ဖျော်ခဲ့လေ ဧည့်သည်က မိုးညိုစံမြန်း စံအိမ်ထဲကို ရာသီဥတု ပူတဲ့ကြားက လာခဲ့ရတာလေ"

မောင့်သဘင်သည် (Ongoing) Where stories live. Discover now