အပိုင်း၁ (unicode)

1.2K 35 0
                                    

မျက်နှာတစ်ခုလုံးပင် နီရဲနေပြီ။.......

ပါးမို့မို့ထက်ကိုဆင်ခြယ်ကာ ဖူးညွန့်နေသောနှုတ်ခမ်းကို စုတ်တံလေးနဲ့ခြယ်ကာ လိမ်းနေသည်။

ပန်းနုရောင်နှင့်အဖြူအနားကွက်ထားသော ဝတ်စုံနှင့်အတူ မိတ်ကပ်နှင့်အလုပ်ရှုပ်နေသော မင်းသမီးငယ်။
မိတ်ကပ်ပစ္စည်းမှာမူ မများလှပင်။

သို့သော် ပထမဆုံးခြယ်သရသည်မို့အခက်အခဲပင်ရှိ၏။
ထိုင်မသိမ်းအနားလေးကို ဆွဲဆန့်ကာ အဆင့်သင့်ဖြစ်အောင် ကိုယ်ခန္ဓာကို လှည့်ပတ်ကြည့်လိုက်သည်။

အလုပ်ရှုပ်နေသည်ကို လက်စသတ်ကာ ချွေးစို့နေသောနဖူးပြင်ကို ပါးပါးလေး တို့ဖတ်နှင့်အတူဖိကာ ဇာတ်စင်အနောက်သို့ လျှောက်လာခဲ့လိုက်သည်။

ပိတ်စနောက်မှာ သူ့အလှည့်ရောက်တော့မည်ကိုသိနေသဖြင့်.....
အငြိမ့်ဇာတ်ခုံပေါ်တွင် အကအလှ မပြမီ ရင်တွင်လှိုက်ဖိုနေ၏။ သဘင်ကိုရူးသွပ်မိသူ သဘင်ရူးလေးတစ်ယောက်ပင်။

ယခုပင်လည်းပထမဆုံးမူ အသည်းများတုန်ခါနေတော့သည်။
ဝါသနာကြောင့် ပါလိမ့်မည် ထင်၏။
သဘင်စိတ်ပညာဝါသနာကပင် အမိ၏ သွေးပါသည်ကြောင့်ထင်၏။

အမိက ပန်တျာဆင်းမင်းသမီးတဲ့.....
မဟုတ်လောက်ပါဘူးဟု စိတ်ကအကြိမ်ကြိမ်ပြန်တွေးမိသည်။
အမိရဲ့ကွမ်းချေးတက်တဲ့သွားတွေနဲ့ လူအများရှေ့မှာမဲ့ကာရွဲ့ကာလူအများရှေ့မှာ ဖျော်ဖြေခဲ့သည်လား။
သို့ပေငြား အမိရဲ့ အသံကချိုသာနေသည်ကအံ့သြစရာတစ်ခုပင်ဟုဆိုရပေမည်။

တစ်ချိန်က ပရိတ်သတ်စွဲသည်တဲ့လေ။
အဖေဖဲသမားနဲ့ညားခါမှ ကန်တော့ပွဲထိုးပြီးအငြိမ့်မလိုက်တော့တာ သူ့တစ်သက်ပင်။
တစ်ခေတ်တစ်ခါက အောင်ပန်းစိန်ပြဇာတ်ထဲမှာခေါင်းဆောင်မင်းသမီးတဲ့လေ။

တွေးနေသောအတွေးများကိုရပ်ကာ ပိတ်လန့်ကာအသာဖယ်ကာလှမ်းကြည့်မိသည်။
ကိုယ့်ရပ်ကိုယ့်ဌာနေမန္တလာမြေကိုဖျော်ဖြေရသည်မူသဘင်ထူးအတွက် ပထမဆုံးညပင်။
အို...လူတွေကျိတ်ကျိတ်တိုးနေပါ့ပကော...။

"သဘင်ထူး...ည ည်းအလှည့်ရောက်တော့မှာလေ"

"ည ည်းလို့မခေါ်စမ်းပါနဲ့ဗျာကျွန်တော်ကယောက်ကျားဗျ"

မောင့်သဘင်သည် (Ongoing) Where stories live. Discover now