အပိုင်း၆ (unicode)

129 12 3
                                    

"ဗုံ ပလက်ပလက် ဗေ ဗုံဗုံထီ "

ဗုံသံ နှဲသံ ဆိုင်းတီးသူက တီးနှင့် သဘင်ထူးတို့ ပြန်လည်ပြင်ဆင်ခဲ့သော အငြိမ့်။
နွေရာသီ မို့ ညအလင်း လသာသာ မီးအထိုးပေ ပင်မို့ချွေး များအိလို့နေ၏။
လယ်များ ပြီးချိန်မို့ ပင်ပန်းခဲ့သမျှ ဇာတ်သဘင်ထဲမှာ နှောကြသည့် ရွာသူရွာသားများ အချို့။
တစ်ချို့က ပွဲငတ်နေကြသည်ဟုဆို၏။
ပွဲတောင်းလိုက်ကြသည်များ ညံလို့ညံလို့ ပင်။
လူရွင်တော်များပင် ​ပြက်လုံး ဆဲဆဲ ကုန်နေကြ အောင် ဗုံးသမားပင်လည်း လက်ချောင်းများ ပုတို မဝင်ရုံ တမည်တီး နေကြရသည်။
သဘင်ထူးလည်း ယခုပင် ချွေးများအိလို့ပင်။

" နောက်ထပ် ခေတ်ဆန်ဆန်လေး ထည့်လိုက်ရင်ကော ဖွဲ့ဝေ ကတော့ထည့်လိုက်ရင် ဇာတ်သဘင်လည်း ဆန်းသစ် ရာ ကြမယ်မဟုတ်လား "

ဒိုးသမား ဗုံသမား ဆိုင်ဆရာတို့သည် ငြိမ်သက်စွာ တိတ်ဆိတ်နေကြသည်။
သဘင်ထူး ပင်သည် သဘင်ကို မြတ်နိုးသူ ဖြစ်ပါမူ ထိုကိစ္စကို လက်ခံနိုင် ဖို့ခက်ခဲကာ.....

" ဖွဲ့ဝေ ထူးတို့က ဖျော်ဖြေမှု သက်သက်မှမဟုတ်တာ လောကရေး ၊ ဓမ္မရေး၊ လူမှုရေး တို့ကို သရုပ်ဖော်နေတာလေ ဇာတ်သဘင်ကို ဆန်းသစ်တာ မကောင်းဘူးလို့ထူးမြင်မိတယ် "

" အလိုတော် ကျုပ်ကစေတနာနဲ့ ပြောပေးတာ ဆန်းသစ်ကြည့်ရင် ပွဲလည်းစည်ပြီး စုဆောင်းမိမယ်ပြောတာ လေ"

" ဒီမှာ ဖွဲ့ဝေ သဘင်အဖွဲ့ဆိုတာ မိသားစုအဝန်းအဝိုင်း နဲ့နေကြတာ တစ်ဦးဆိုင်ရပ်ဝန်း လို လုပ်ရမှာမဟုတ်ဘူး လေ ပြီးတော့ အဲ့လိုလုပ်သင့်တယ်လို့ထူးမထင်ဘူး"

"အမလေးဟဲ့ ဖြစ်နေလိုက်တာ ကဲ ဖွဲ့ဝေ ရဲ့အကြံကို ဘယ်သူလက်ခံလဲ စရိတ်တိုး ပေးမယ် ကဲဘယ်နှယ့် ရှိကြသလဲ "

ဆိုင်းဆရာ နှဲဆရာတို့သည် လက်လုပ်လက်စား ဖြစ်ပါသည်မို့ ဖွဲ့ဝေ ဆန္ဒကို မလွန်ဆန်နိုင်ပါ။
မျက်စိမျက်နှာချင်းဆုံပြီး သက်ပြင်းချလိုက်မိသည်။
ခင်ဖွဲ့ဝေ သည် ဇာတ်သဘင်ရဲ့ ကြိုးကိုင်သူ ဟုသတ်မှတ်ထားကြ လေသလား မစဉ်းစားတတ်ပါ။
အားလုံးက သဘောတူ ကြသည်မို့ သဘင်ထူး တစ်ယောက်သာ ကန့်ကွက်လိမ့်မည်ဟုထင်သည်။

မောင့်သဘင်သည် (Ongoing) Where stories live. Discover now