အပိုင်း၄ (unicode)

103 10 1
                                    


"မြင်းလှည်းအားလား "

"ဘယ်သွားမလို့လဲ"

" နန်းမြိုင်ထူး အငြိမ့် "

"၁၆ ကျပ် တစ်ပြားမှမဆစ်နဲ့ ကလေးမ"

"ရော့ရော့"

မန္တလေး မြို့ကြီး တစ်ခေါက်လာမိပါဘိ။
သဘင်ပွဲ ထွက်ရ မထွက်ရ မသိဘူး မြင်းလှည်းစရိတ်က စျေးကြီးလိုက်ပါဘိ။

စိတ်ထဲ ဗျစ်တောက်ဗျစ်တောက်ပြောကာ ရာကျ ချိတ်ထမီနှင့် နန်းမြိုင်ထူး အငြိမ့်ဆီလာခဲ့သော သူမ။
စကားပြောဆိုးပြီး ရုပ်အသင့်အတင့်ရှိပင်မူ နှုတ်ကြောင့် သူ့မှာရှိသောအလှတရားများသည်မပေါ်လွင်။
စီးကရက်ကို ဖွာကနဲ ဖွာကာ စိတ်ထဲ အတွေးတွေနှင့်ပင် ပြည့်နှက်နေလေ၏။

သုံးနှစ်ကျော် မရောက်ဖူးသော နေရာတွေ ငေးပတ်ကြည့်ကာ တစ်မေ့တစ်မောဖြစ်လို့နေ၏။

"ကလေးမ အဲ့ဇာတ်အဖွဲ့က နာမည်ကြီးတယ်နော်
ဘာသွားလုပ်မလို့လဲကွယ့်။
အဲ့ထဲက ဇာတ်မင်းသမီးလေး ထူးက လည်းရွှေရုပ်လေး ကျလို့ လှလိုက်တာဗျို့"

သူမကြားချင်ဆုံး နာမည်။
ဒင်းသာ...ရောက်မလာရင် သူက ခေါင်းဆောင်မင်းသမီးဖြစ်မှာ သူကြောင့် ။

ဘာတွေများ တော်တတ်နေလို့လဲ။
အသံကောင်းတာလား အကအလှ လှတာ လား ။
ဒါများ ခင်ဖွဲ့လည်း အရာရာ နဲ့ ပြည့်စုံပြီးသား။

သူသာ ဇာတ်အဖွဲထဲ မလာရင် အခုချိန်ဆို ခင်ဖွဲ့ဝေ ဆိုတဲ့ငါ နာမည် ကြီးပါပကော့။
အခုနေရာတိုင်း ထိုဇာတ်အဖွဲ့ထဲက အဲ့ဟာမ အဲမဟုတ်ဘူး အဲဒီ့အကောင်။
ဇာတ်ဆရာရဲ့ နှမ ဖြစ်ပါမူ အစ်ကို့စီပွားရေး တုတ်နဲ့မထိုးချင်လို့ အဲ့အကောင်ဇာတ်ထုပ် မရှင်းချင်လို့ နောက်မို့သာဆိုရင် အဲ့ကောင်နေရာ ဝင်ယူတာ ကြာပေါ့။ အခုနေရာရ သည်မှာလည်း ရှေ့ထွက် တဲ့။

ဒီ ဇာတ်ကို ပိုင်တဲ့သူရဲ့ နှမ နေရာရတာ ဒီရှေ့ထွက် ရွေထွက် ဟုသော စကားကို ကိုယ့်ဘာသာကိုယ် ပြန်မပြောချင်မှမဆုံး။
စောက်သုံး မကျတဲ့ အစ်ကို။

ဒါမျိုး ခင်ဖွဲ့ဝေ လာမလုပ်နဲ့။
နန်မြိုင်ထူး အငြိမ့်ရဲ့ မင်းသမီးနေရာက ခင်ဖွဲ့ဝေအတွက်ဘဲ ဖြစ်ရမယ်။
ဒင်း ကို ဒီနေရာကနေ ရအောင်ကန်ထုတ်ပြမယ်။
ဇာတ်သဘင်လောကထဲ ပြန်မဝင်နိုင်အောင် ခင်ဖွဲ့ဝေလုပ်ပြမယ်။
လမ်းတစ်လျှောက်လုံး ထိုအတွေးက ရေရွတ်လာကာ
မြင်းလှည်းဆရာ မေးသောအမေးကိုပင် ပြန်မဖြေမိပင်။

မောင့်သဘင်သည် (Ongoing) Where stories live. Discover now