( Part-1) First Meeting

993 29 0
                                    

မနက်မလင်းမှီ မြေပြင်ပေါ်သို့ ဆင်းသက်ထားသော နှင်းပွင့်၊နှင်းစက်တို့မှာ ယခုအခါတော့ ရေစက်ကလေးများအဖြစ်သာ ကျန်နေတော့သည်။တမာပင်ပေါ်မှ ရေသီးတို့က သူမ၏ မျက်နှာပေါ်သို့ အနည်းငယ်စိုစွတ်သွားသည်။

ပါးမို့မို့လေးပေါ်မှ ရေစက်ကလေးအား လက်မလေးဖြင့် ခပ်ဖွဖွသာသုတ်လိုက်သည်။အလွန်အရေးပါလွန်းသည်မှမဟုတ်ပဲ။အိတ်ထဲမှ တစ်ရှူးကို အကုန်မခံနေ။

အိမ့်ခြယ် : "ငိုနေတာလား စံလွှာ"

သူမကို တဝက်တပျက်သာ မြင်လိုက်ရသော မေအိမ့်ခြယ်သည် ရေစက်ကျလာတာကိုမသိလိုက်။ထို့သို့ မေးသည်မှာသည် တစ်ခါနှစ်ခါမကတော့။အဘယ်ကြောင့်ဆိုသော် ဘုံရာစံလွှာဆိုသော ရွှေဘုံစံကလေးမလေးသည် အလွန်ပင်အငိုသန်သောကြောင့်ပင်။

အိမ်ခြယ့်စကားကြောင့် တဖွဲ့လုံးသူမဘက်လှည့်လာ၏။တစ်ဖွဲ့လုံးဟုဆိုသော်လည်း တကယ်တမ်းကျ သူမအပါအဝင် လေးယောက်မျှသာ။

"မငိုပါဘူးဟာ။ရေစက်ကျလာလို့ပါ။ခုချိန်ကြီးရုတ်တရက် ထငိုရအောင် အရူးမှ မဟုတ်တာ"

ပြုံးစေ့စေ့ဖြင့် သူမကပြန်ပြောလိုက်သည်။တက္ကသိုလ်၏ အလှဘုရင်မ မဟုတ်သော်ငြား အပြုံးဘုရင်မတော့ဟုတ်သည်။ပါးမို့မို့ခပ်ရဲရဲလေးက အပေါ်သို့ ညီညာစွာတက်သွားရင် နှုတ်ခမ်းဖူးဖူးလေးက ဖြန့်ကျက်နေရာယူပါတော့သည်။

ခင်လေး : "နင်အဲ့လိုအပြုံးတွေကြောင့် ပုရိသတွေအသဲကို အပိုင်စားနေရတာ။သူတို့မပြောနဲ့ ငါတောင်သဘောကျတယ်"

ဘရဏီ : "အမလေး ခင်လေးရယ်။ရှင်တော့ သဘောမကျလိုက်ပါနဲ့ဟယ်။မိန်းကလေးချင်းကြီးကို"

ခင်လေး : "ငါကတော့ အဲ့သဘောနဲ့ပြောတာဖြစ်မလား ဏီဏီစုတ်ရဲ့"

ဘရဏီအား မမှီတမှီလှမ်းရိုက်လိုက်တော့ ဏီက သူမဘက်သို့ရှောင်လာပါ၏။ဒါသည် သူမတို့အဖွဲ့၏ ဖြစ်နေကျအရာတစ်ခု။ကန်တင်းတွင် သူ့နေရာနှင့်ထိုင်နေကြသော်ငြား တချို့သော သူတွေ၏ အကြည့်က သူမတို့ဝိုင်းလေးဆီမှာ...

"ဟဲ့..ဟဲ့..တိုးတိုးနေကြ!တီချယ်သက် ဆီကဖုန်းလာတယ်"

အိတ်ထဲမှ ဖုန်လေးအား ကိုင်ထားရင်း အစိမ်းရောင် အဝိုင်းလေးကိုနှိပ်ကာ သူမ၏ နူးညံ့တိုးလျသော အသံလေးဖြင့်

OSIRIS Where stories live. Discover now