[Zawgyi]
မူးနောက်နေသည့် ခေါင်းကြောင့် နားထင်ကို ဖိထားလိုက်ရင်း အိပ်ယာကနိုးလာခဲ့သည်။နှာခေါင်းဆီမှပူနွေးနွေးလေပူတို့က စိတ်အိုက်စရာအတိ။တစ်ကိုယ်လုံးနုံးချိကာ ပူကျစ်နေသည့် အထိအတွေ့တို့ကြောင့် သူဖျားနေပြီဆိုတာ သိလိုက်ပြီ။သို့ပေသည့်တိုင် ယခုအချိန်ထိ ပွင့်အ လျက်အား အခန်းတံခါးနှင့်အတူ တစ်အိမ်လုံးတွင် တိတ်ဆိတ်မှုက ဆီးကြိုနေလေသည်မို့ သူ့မှာ အားပြုကာ ရပ်လိုက်ရင်း ကလေးပေါက်စကို လိုက်ရှာရန် ထရပ်လိုက်လေသည်။
မိုက်ခနဲဖြစ်သွားတာကြောင့် နားထင်ကြောကို ဖိလိုက်ရင်း သူ ငြီးတွားမိလေသည်။
"ကလေး....ပေါက်စီလေးရေ..."
တန်ပြန်ထူးသံ မကြားရသည်မို့ မျက်ခုံးတန်းတန်းတို့က အလိုလိုကျုံ့မိလျက်သား။
မည်းမှောင်နေတာမို့ မီးခလုပ်အား လက်ဖြင့်စမ်းကာ ဖွင့်လိုက်ရင်း ကလေးငယ်ကို ဝေ့ဝဲရှာမိလေသည်။
"ဘယ်ရောက်နေတာပါလိမ့်..."
ကိုယ့်ကိုယ်ကိုပင် ဂရုမစိုက်အားပဲ လုံးတစ်ပေါက်စလေးကို သာ ရှာနေမိသည့်သူ။
တီ...တီ...တီ.............(ring..)
အိမ်ဖုန်း တ တီ တီ အသံကြောင့် နှစ်သစ်ကူးလဲ ဖုန်းဆီ တရွေ့ရွေ့လျှောက်လာခဲ့လေသည်။သူမလှုပ်ချင်ပေ။ကလေးငယ်ကလဲ ဒီအချိန်ကျမှ ဘယ်သွားလေသလဲမသိမို့ စိတ်တို့တိုလာမိလေသည်။
....................
"ဟင့်...မပေါင်းဘူး...မပေါင်းနိုင်တော့ဘူး...အဲ့လူကို.."
အတာကူးနှင့် လွန်းခန့်ထည်တို့မှာ ရုပ်တရပ်ကြီး ငိုယိုကာ ရောက်ချလာသည့် ပေါက်စီအနားတွင် ချော့နေရလေတော့သည်။
မေးတော့လည်း ဘာတစ်ခွန်းမျှ မဖြေပဲ ကွာမယ်ကြီး တကဲကဲ လုပ်နေလေတော့သည်။
"အီးဟီး...ကွာမယ်..ကွာမယ်...မပေါင်းနိုင်ဘူး...အခုကိုကွာပစ်မယ်..."
"ဘာဖြစ်လာတာလဲ သားသားရယ်..အကျိုးအကြောင်းလေးလဲ ပြောအုံးမှပေါ့.."
"ဟုတ်သားပဲ ပေါက်စီလေးရဲ့...သားသစ်နဲ့ကရော ဘာတွေများဖြစ်လာကြတာလဲ...?.."

YOU ARE READING
အမွှေစိန်S3(complete)
Romance[Zawgyi] so smartကိုကိုနှစ်သစ်ကူးနဲ့အမွှေစိန်ပေါက်စီလုံးလေး...ဒါကအမွှေစိန်ထဲကစပ်စလူးနတ်ပူးမယ့်သားတော်မောင်ရဲ့အချစ်ဇာတ်လမ်းပါနော် [Unicode] so smartကိုကိုနှစ်သစ်ကူးနဲ့အမွှေစိန်ပေါက်စီလုံးလေး...ဒါကအမွှေစိန်ထဲကစပ်စလူးနတ်ပူးမယ့်သားတော်မောင်ရဲ့အချစ်ဇာတ်လမ်...