part28

3.2K 244 12
                                    

[Zawgyi]
ကျောင်းဆောင်ကြီးကိုမော့ကြည့်လိုက်ရင်း သက်ပျင်း သေးသေးလေး ချမိလေတော့ ကြယ်ခတစ်ယောက် ပေါက်ပေါက်အားလည်ပြန်ကြည့်လိုက်လေသည်။

"ဘာလဲ ပေါက်ပေါက်...သက်ပျင်းတွေဘာတွေချလို့..ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိဘူးလား.."

ဆယ်တန်းစာမေးပွဲကို ဒုတိယနှစ် ထပ်ဖြေခဲ့ရသည်မို့ ကြယ်ခတို့က အောင်စာရင်းဆို ရင်ပင်မခုန်တော့ပေ။ကိုကြီးတို့နှစ်ယောက်ကို အရင် သွားတိုးကာကြည့်ခိုင်းထားသည်မဟုတ်လား။

ပေါက်စီတစ်ယောက်ကတော့ ကြယ်ခအား စိတ်လေသလိုပြန်ကြည့်လိုက်သည်။

"နှစ်နှစ်ကြီးများတောင်ဖြေခဲ့တာပဲ...ဟာ..အောင်ချင်အောင်မှာပေါ့...ငါ့ကိုdaddyက ကိုယ်ဖိရင်ဖိကိုသင်ပေးထားတာကွ.."

ပေါက်စီက ထပ်မကျချင်ပေ။ဘာလို့ဆို သူ့daddyကို ထပ်ပြီး ပင်ပန်းမည်ဆိုးသည်လေ။ကြယ်ကြယ့်လိုမျိုးသူက ကျူရှင်ဆိုပြီး သူ့ကိုကြီးအိမ်သွားသွားနေတာမှမဟုတ်တာမို့ အသက်ရှူချောင်သေးသည်ပြောရမည်။

သူသက်ပျင်းချသည်ဆိုတာ သူ့အတွက်ရယ်မဟုတ်။ကြယ်ကြယ့်အတွက် ပင် ဖြစ်သည်ဆိုတာ ထိုကိုယ်တော်က သိမည်မဟုတ်ပေ။အကယ်၍ကျခဲ့သော် သူကမှ တော်သေးအုံးမည်မဟုတ်လား။

ကြယ်ခ က တော့....အတော်လေး သနားစရာကောင်းလှပေသည်။

အကယ်၍...အကယ်၍များပေါ့ သူတစ်ယောက်ထဲ အောင်သွားမည်ဆိုလျှင်...သူ့သူငယ်ချင်း ကြယ်ကြယ်လေးတော့....

ပေါက်ပေါက်မှာ မျက်ရည်ပင် စို့ချင်လာသည်။

"ဘာလား ...ရုတ်တရက်ကြီး ...ဒီပေါက်ပေါက်.."

"သူငယ်ချင်းရာ...အဟင့်.."

ပေါက်စီတစ်ယောက် ဒရမ်မာ ကင်း လိုမျိုး ကြယ်ခ ပခုံးအားဖတ်ကာ နှစ်သိမ့်ဟန်ဖြင့် လက်လေးဖြင့်ပုတ်ကာပေးလိုက်လေသည်။

အနည်းဆုံးတော့...မိမိပေါက်စီက ကျလျှင်တောင်မှာ ယောကျာ်းရှိနေသေးသည်လေ။

"ကြယ်ကြယ်ရာ..."

သူ့သူငယ်ချင်းလေးကတော့ဖြင့် ယခုချိန်ထိ ယောကျာ်းပင်မရသေးသောအခါများပေါ့။

အမွှေစိန်S3(complete)Donde viven las historias. Descúbrelo ahora