[Zawgyi]
"ကူးကူးကအရမ်းဖျားနေတာကို သားသားကမသိခဲ့ဘူး...အင့်..အခုတော့ ...အီးဟီး..""မငိုနဲ့တော့ ...တိတ်တော့...သားသစ်က ကောင်းသွားမှာပါ...နော်.."
"ဘယ်လိုတွေဖြစ်ကြတာလဲ...ပေါက်စီလေးရယ်"
ကုတင်ထက်လဲလျောင်းနေသည့် နှစ်သစ်ကူးအား ဒဏ်ရာကိုဆေးစည်းပေးပြီးနောက် လင်းညှို့ က လှမ်းကာမေးလိုက်လေသည်။
ပေါက်စီလုံးမှာတော့ မျက်လုံးလေးများဖောင်းအစ်နေသည်အထိ ငိုထားသည်မို့ အသံ တိုးတိုးဖျော့ဖျော့သာ ထွက်နိုင်တော့သည်။တစ်ချက် တစ်ချက် ရှိုက်လိုက်ရင်း ဖြစ်ကြောင်းကုန်စင်ပြောလိုက်တော့သည်။
"ဘာဖြစ်နေမှန်းကို မသိတော့တာ..အင့်.."
လင်းညှို့က သက်ပြင်း ချလိုက်ရင်း...ပေါက်စီခေါင်းအား ပွတ်ပေးလိုက်လေသည်။သူလဲ ယခုမှ တခုခုအားသတိရသွားသည်မို့ ...
"လင်ကြီးဆိုတာကရော..မနက်က ကြယ်လေးနဲ့ပြောတာကြားတာ..အဲ့တုန်းက ဒီကောင့် မျက်နှာ ဆူပုတ်သွားတာ ..."
ပေါက်စီမှာ ကျောင်းတွင်ပြောခဲ့သည့် စကားများအားပြန်စဉ်းစားမိရင်း ကူးကူး မျက်နှာ မအီမသာဖြစ်နေသည်ကို သတိပြုမိလိုက်လေသည်။
"အဲ့တာက ဒီလူကြီးကိုပြောတာလေ..ဘာလဲ..ဘယ်က လင်ကြီးရမှာလဲ...ဒီတစ်ယောက်ထဲ ယူထားတဲ့ဟာ...အခုက အဲ့ဟာကြားပြီး ဖြစ်သွားတာလား...!"
ပေါက်စီ၏ပြဲလန်အောင်ထွက်လာသည့်အသံကြောင့် ငြိမ်ပြီးနားထောင်နေကြသည့် အဖေတွေသာမက ဆေးရှိန်နှင့် မှိန်းနေသည့် နှစ်သစ်ကူးပါ လန့်ကာနိုးသွားလေတော့သည်။
"ဒီလူကြီးက ဘယ်လိုတောင်မှ တုံးရတာလဲ...ဒီလောက်တောင်မှလေ...အားး.."
အခုချိန်ထိ မျက်လုံးလေးပေကလက် ပေကလက် လုပ်ကာ ပေါက်စီလုံး၏ လှုပ်ရှားမှုတို့အား ပါးစပ်အဟောက်းသားဖြင့် လိုက်ကြည့်နေသည့် နှစ်သစ်ကူးကိုမည်သူကမျှ သတိမထားမိကြပေ။
"ဒါမယ့်...သူကြီးက သဝန်တိုပြီး အခုလိုဖြစ်သွားတာပေါ့လေ..အဟီးဟီး.."
ပေါက်စီမှာ သဝန်တိုတတ်လွန်းသည့် ဒေါသကုမာရကြီးကြောင့် ရင်ဘက်ထဲတွင် ခိုးလိုးခုလုဖြစ်လာလေတော့သည်။

BINABASA MO ANG
အမွှေစိန်S3(complete)
Romance[Zawgyi] so smartကိုကိုနှစ်သစ်ကူးနဲ့အမွှေစိန်ပေါက်စီလုံးလေး...ဒါကအမွှေစိန်ထဲကစပ်စလူးနတ်ပူးမယ့်သားတော်မောင်ရဲ့အချစ်ဇာတ်လမ်းပါနော် [Unicode] so smartကိုကိုနှစ်သစ်ကူးနဲ့အမွှေစိန်ပေါက်စီလုံးလေး...ဒါကအမွှေစိန်ထဲကစပ်စလူးနတ်ပူးမယ့်သားတော်မောင်ရဲ့အချစ်ဇာတ်လမ်...