[Zawgyi]
ငှက်ကလေးတွေကတေးသီကာ...အိပ်ခန်းပြတင်းဝမှာလာနားလေပြီး တီတီတာတာအသံပေးကာငှက်မောင်နှံမှာ ပျော်မြူးနေကြရလေသည်။ရောင်နီက ပြတင်းပေါက်ဆီမှာဖြာဝဲကာ ပေါက်စီလုံး ၏ မျက်နှာ ဖောင်းဖောင်းလေးပေါ်သို့ဖြာကျလာလေတော့ မွင့်တပွင့်မျက်လုံး လေး ဖြင့်နိုးထလာလေသည်။
"ဝှား.....ဝှား...."
လက်လေးအားဆန့်ကာအညောင်းအညာဖြေနေစဉ်နှာခေါင်းထဲတိုးဝင်လာသည့်ချဉ်စုပ်စုပ်အနံ့ကြောင့် မိမိနံဘေးအားကြည့်မိလေတော့ အိပ်မောကျနေသည့် ယောကျာ်းကြီး။
."အီးဟီး...ကိုကိုမကောင်းဘူး...ကိုကိုကလူယုတ်မာကြီး...ဟင့် ....ထ....အခုထလို့ပြောနေတယ်လေ....မကောင်းတဲ့ ကိုကို...မကောင်းတဲ့ယောကျာ်း.....အီးဟီးဟီး..."
"ကလေးကလည်းကွာ...မငိုပါနဲ့...ဒီတစ်ခါပဲလေနော်...လိမ်မာတယ်ကိုယ့်ပေါက်စီလေးက.."
"!!ဟမ်!!.."
မကောင်းတဲ့ကိုကို...အိပ်မက်ထဲမှာပဲမှောင်နေလိုက်...အပြင်မှာကျဘာမှမဘာမရဘူး။
"ဒီကမှ မင်္ဂလာဦးချင်နေတာပါဆို...ဘယ်ချိန်ကျမှလာပြီး အိပ်တာလဲမသိဘူး...အီးဟီး...အခုထနော်လို့ သားသားနဲ့ကိုကိုစာရင်းရှင်းရအုံးမှာပါဆို..."
ဘုန်း....ဘုန်း....
နှစ်သစ်ကူးမှာ အိပ်မက်ထဲတွင် မျက်နှာဖောင်းဖောင်းလေးပေါ်မှမျက်ရည်များအားသုတ်ပေးကာအနမ်းခြွေရန်ပြင်လိုက်စဉ်..
ဘုန်းးး.....
"အ့..."
"ဟင့်...ကိုကို....အင့်....မကောင်းဘူး..."
ကုတင်ပေါ်မှကန်ချခံလိုက်ရသဖြင့်ဒေါသထွက်ပြီးပြောရန်မော့အကြည့်တွင်ကလေးပေါက်ကမျက်ရည်စီးကြောင်းကြီးနှစ်ကြောင်းဖြင့်ဆီးကြိုနေလေသည်။
မကောင်းဘူးဟုပြောကာရှိုက်ကြီးတငင်ငိုနေရှာသောပေါက်စီလုံးလေးကြောင့်ခေါင်းနပန်းကြီးသွားလေသည်။ကလေးပေါက်စကိုပြန်ကြည့်တော့လည်းအဝတ်အစားပင်ပုံမပြတ်...မိမိခန္ဓာကိုယ်အားပြန်ကြည့်မိတော့လည်းတစ်နေရာကလွဲရင်ကျန်တာကပုံမှန်အတိုင်းပင်။

أنت تقرأ
အမွှေစိန်S3(complete)
عاطفية[Zawgyi] so smartကိုကိုနှစ်သစ်ကူးနဲ့အမွှေစိန်ပေါက်စီလုံးလေး...ဒါကအမွှေစိန်ထဲကစပ်စလူးနတ်ပူးမယ့်သားတော်မောင်ရဲ့အချစ်ဇာတ်လမ်းပါနော် [Unicode] so smartကိုကိုနှစ်သစ်ကူးနဲ့အမွှေစိန်ပေါက်စီလုံးလေး...ဒါကအမွှေစိန်ထဲကစပ်စလူးနတ်ပူးမယ့်သားတော်မောင်ရဲ့အချစ်ဇာတ်လမ်...