part25

6.1K 582 103
                                    

[Zawgyi]
"ပေါက်ပေါက်....ရေ...ဗြဲ....."

ပေါက်စီလေး မှာ အိမ်သို့ရောက်ရောက်ခြင်း တွင်မိမိအားပြေးဖတ်ကာ ငိုနေသည့်ကြယ်ကြယ်အား အတင်းပင်ဆွဲခွာနေရလေသည်။

"ကြယ်ကြယ်ရ...ဘာလို့ငိုတာလဲ.."

"အီး..ဟီး.. မင်းကအခုယောကျာ်းရသွားပြီဆိုတော့ငါတစ်ယောက်ထဲကျန်ခဲ့မှာကိုတွေးပြီး...အီး...ဟီး..စိတ်မကောင်းလို့...ငါ့သူငယ်ချင်းလေး....အီးဟီး...ငါ့အချစ်ဆုံးပေါက်ပေါက်လေး..."

"အမ်.....ငါကယောကျာ်းပဲရတာလေ..."

"အေးလေ...မင်းကျတော့ယောကျာ်းကြီးနဲ့...အီးဟီး.."

"ဟင်...."

ပေါက်စီမှာ သူ့အားဖတ်ငိုနေသည့်သူငယ်ချင်းလေးရဲ့ကျောကိုပြန်ပုတ်ကာနှစ်သိမ့်ပေးလိုက်လေသည်။

"မင်းငါ့ကိုနှမြောလို့မဟုတ်လား.."

"ဘာတွေပြောနေတာလဲ...ငါကမင်းကိုမနှမြောဘူး...ခုချိန်ထိ ငါ့ကိုအဖြေပြန်မပေးတဲ့crushအစုတ်အပြတ်ကိုတွေးရင်းစိတ်နာလာလို့..."

"ကိုကြီးလင်းညှို့ က ခုထိအဖြေမပေးသေးဘူးလား.."

"မပေးသေးလို့ပေါ့...သူသာ ပေးရင် ငါလည်း ချက်ချင်စလင်နောက်လိုက်လို့ရနေပြီဟာ..ဗြဲ.."

"မငိုပါနဲ့ကွာ...ငါကစီနီယာကြီးဖြစ်သွားပြီဆိုတော့..ကိုယ်ချစ်ရတဲ့သူကိုဘယ်လိုအပိုင်သိမ်းရမလဲဆိုတာမင်းကိုသင်ပေးမယ်ဟုတ်ပြီလား.."

"အေး . အားကိုးပါတယ်ကွာ..."

ပေါက်စီမှာ ဖင်နာနေပေမယ့် သူက ဆရာဆိုတော့တပည့်ရှေ့မှာ ဟန်နဲ့ ပန်နဲ့နေရမယ်လေ။အေးဆေး ထိုင်ပါမယ်ဆိုဒီငနာလေးကဖတ်ထားတာကိုမဖယ်ပေး။

နှစ်သစ်ကူးမှာ ပေါက်စီတို့အိမ်ထဲဝင်ဝင်ချင်းတွင် ပေါက်ပေါက်အားအတင်းဖတ်ကာငိုနေသည့် ကြယ်ခ ကြောင့် မျက်ခုံးနှစ်ဖက်တွန့်ချိုးသွားလေသည်။

ငါ့ကလေးကိုထိပြန်ပြီ....။

"Jမဝင်ပါနဲ့ကွာ...သူကငါ့ဟာ..."

အနောက်ကလိုက်ဝင်လာသည့် လင်းညှို့ အား မကြည်ကြည့်ကြည့်ပေးလိုက်လေသည်။

အမွှေစိန်S3(complete)Hikayelerin yaşadığı yer. Şimdi keşfedin