[Zawgyi]
သာသာယာယာမနက်ခင်းလေးမှာ ပေါက်စီတစ်ယောက်ကြည်ကြည်သာသာမရှိလှဘူး။သူမနက်၅နာရီလောက်ကတည်းကရယ် အိပ်ယာထပြီး ပြင်ဆင်နေပေမယ့် မှန်ထဲပြန်ကြည့်ပြီး ကိုယ့်ကိုယ်ကို စိတ်တိုင်းမကျဖြစ်ရလေသည်။ကောလိပ်တတ်တုန်းကတောင်သူအတော်လေးကြည့်ကောင်းနေခဲ့သေးတာဟာ ကိုကို့ရဲ့ တစ်နေ့တစ်မျိုးမရိုးနိုင်အောင်ဝယ်လာပေးတတ်သည့်အစားအသောက်တွေကြောင့်ပေါက်စီမှာ အစားအစာအလေအလွင့်မဖြစ်ရလေအောင်နေ့စဉ်နေ့တိုင်းစားပေးရင်းကနေဤသို့သောအကျိုးဆတ်ကိုရလာခဲ့ခြင်းဖြစ်သည်။
ခပ်စူစူဗိုက်ကလေးကြောင့် အကျိင်္ီကြယ်သီးဘယ်လိုတပ်တပ်ပြန်ပြီးပြုတ်ပြုတ်ထွက်နေတာကြောင့် သူအပြတ်ရွှိုင်းထားတဲ့ ဆံပင်လေးတွေကိုတောင် လက်နဲ့ထိုးဖွပစ်မိတော့မလို့ပဲ။
"အဲ့တာ...ကြယ်ကြယ် ကြောင့်...ဒင်းယောကျာ်းယူလို့...ငါအခုလို စိတ်တိုနေရတာ"
ဘယ့်နှယ် လမ်းထိပ်မုန့်ခနထွက်ဝယ်အုံးမည်ဆိုပြီးကိုကြီးလင်းညှို့ကို ခိုးပြေးသတဲ့။အဲ့ဒီညက အန်တီစုစုက သူတို့ဆီ ငိုကြီးချက်မနှင့်ရောက်လာတာကိုတောင်သတိရမိသေးသည်။ပေါက်စီဖုန်းထဲ မက်ဆေ့ ဝင်လာတော့မှ လင်နောက်လိုက်သွားမှန်းသိ၍ စိတ်ချလင်ချပြန်သွားကြလေသည်။
~ဒီကောင် အကြပ်ကိုင်ပြီး ခိုးပြေးခိုင်းတာနေမှာ။
"အိ.."
သူက ဖင်လေးမှာ တစ်နေသည့်ဘောင်းဘီလေးအား အတင်းဆွဲကာ မတင်နေလေသည်။ဘာပဲဖြစ်ဖြစ် သူတစ်ချိန်လုံး နှိမ်ခဲ့ရသည့် သူငယ်ချင်းလေးက ယောကျာ်းရသွားတာတော့ ဝမ်းသာပေးရမှာပေါ့လေ။
"ကူးကူးကြောင့်...!"
ကုတင်ပေါ်ခြေချိတ်ထိုင်နေသည့် နှစ်သစ်ကူးမှာ မှန်ရှေ့တွင် တစ်ထည်ပြီးတစ်ထည်လဲနေသည့် ပေါက်စီအားမော့ကြည့်လာလေသည်။
"ကိုယ်ဘာလုပ်မိလို့လဲ.."
ဖင်လုံးလုံးလေးမှာ တစ်နေသည့် ဘောင်းဘီလေးက မတော်တော့တာကြောင့် ဆွဲတင်မရဖြစ်နေလေသည်။အောက်ခံဘောင်းဘီလေးသာဝတ်ပြီး ကြမ်းပြင်ပေါ် ခြေပစ်လက်ပစ်ထိုင်ချလာသည့် ဝက်ပေါက်ကလေးက အလိုမကျနှုတ်ခမ်းကထော်နေသည်။

YOU ARE READING
အမွှေစိန်S3(complete)
Romance[Zawgyi] so smartကိုကိုနှစ်သစ်ကူးနဲ့အမွှေစိန်ပေါက်စီလုံးလေး...ဒါကအမွှေစိန်ထဲကစပ်စလူးနတ်ပူးမယ့်သားတော်မောင်ရဲ့အချစ်ဇာတ်လမ်းပါနော် [Unicode] so smartကိုကိုနှစ်သစ်ကူးနဲ့အမွှေစိန်ပေါက်စီလုံးလေး...ဒါကအမွှေစိန်ထဲကစပ်စလူးနတ်ပူးမယ့်သားတော်မောင်ရဲ့အချစ်ဇာတ်လမ်...