Tom & Jerry...ep-9

1.1K 119 20
                                        

Jin's side...

"သား..ဂျောင်ကုလေးသင်ပေးတာကိုလိုက်နိုင်ရဲ့လား?"

ထမင်းဝိုင်းမှာ ဦးစွာ အသံထွင်လာသူက မေမေ ။ဂျင် သက်ပြင်းလေးတစ်ချက်ခိုးချလိုက်ပြီး..

"ဟုတ်..ပြေပါတယ်~"

"ငါ့သားက တော်ပြီးသားပါကွ..အဖေယုံလို့ရတယ်မလား?"

"ဟုတ်ကဲ့!"

"ဒါနဲ့ အလုပ်သွားရင် သားဂျောင်ကုအတွက် ဒီထမင်းဗူးလေးယူသွားပေးဦးနော်သား!"

"ဟာ..အမေကလည်း~သူ့ဘာသာဝယ်စားလိမ့်မယ်ပေါ့!"

"မလိုချင်ဘူး..တစ်ခွန်းပြောရင်ရနော် သားဂျင်!"

"အမေတို့ကတော့ အလုပ်ကိုရှုပ်တယ်!"

"ဟားဟား..ဒီသားအမိကတော့ ရန်ဖြစ်နေပြန်ပြီ..အော..ဒါနဲ့ ဂျောင်ကုလေးကို အိမ်မှာညစာစားဖို့ တစ်ရက်လောက်ကျရင်ခေါ်ခဲ့ဦး!"

"ဟုတ်သားပဲ..ဟင်း..သူတို့အိမ် ပြောင်းပြီးကတည်းက မတွေ့ဖြစ်ကြတာတောင်ကြာလှပြီ.."

"ဟိုတစ်လောက သွားတွေ့ပြီးပြီကို!"

"ဟုတ်ပါတယ်!သွား အလုပ်သွားတော့!အချိန်ဆိုတာ လူကိုစောင့်တာမဟုတ်ဘူး!"

"သွားမှာပါ!"

နှုတ်ခမ်းလေးမသိမသာ စူကာ ထွက်သွားတဲ့ဆော့ဂျင် ။ထမင်းဗူးလေးတော့ မမေ့ခဲ့ရှာပါဘူး ။

Tom and Jerry🌼🌼🌼🌼🌼KOOKJIN🌸🌸🌸🌸🌸

Jin တံခါးမခေါက်ပဲ ဝင်ခဲ့လိုက်သည် ။ဂျောင်ကုက သူ့ကို အလိုမကျဟန် မျက်မှောင်ကြုတ်ပြီးကြည့်လာသည် ။ဘောပင်ကို တစ်ချက်လေပေါ်မှာဝှေ့ယမ်းလိုက်ပြီး..

"သူများရုံးခန်းထဲဝင်မယ်ဆိုရင် တံခါးအရင်ခေါင်ရမယ်ဆိုတာကို မသိတာလား?နားမလည်တာလား?ကင်မ်ဆော့ဂျင်~"

"ဟူး!"

ထို့နောက် အပြင်ကိုပြန်ထွက်သွားပြီး..

ဒေါက်..ဒေါက်..

"စီအီးအို ဂျွန်ဂျောင်ကု..ကျွန်တော်အလုပ်သင် ကင်မ်ဆော့ဂျင်ပါ..အထဲကိုဝင်လာလို့ရမလားခင်ဗျ~"

Jk တစ်ချက်ရယ်မိလိုက်ပါသည် ။သူ့ကိုရွဲ့နေတာတဲ့လား??ဘယ်လိုတောင် ကလေးဆန်လိုက်တဲ့လုပ်ရပ်လဲ!

Tom and JerryWhere stories live. Discover now