Jin တစ်ယောက်ေဒါသထွက်နေချေပြီ ။အကြောင်းကတော့ အလုပ်သင်ဖို့လာတဲ့လူကို ကော်ဖီဖျော်ခိုင်းလိုက်..ရုံးခန်းထဲ ကြမ်းတိုက်ခိုင်းလိုက်..ဟိုဟာဒီဟာလုပ်ခိုင်းလိုက်နဲ့ ခိုင်းနေသော ဂျွန်ဂျောင်ကုကြောင့် ဖြစ်သည် ။
"ကင်မ်ဆော့ဂျင်~"
ခေါ်ပြန်ပြီ~ဒီတစ်ခါ အိမ်သာဆေးပေးရမှာတော့မဟုတ်ဘူးမလား? ?
သူလည်း ဂျောင်ကုနားသို့ သွားပြီးမတ်တပ်ရပ်လိုက်သည် ။
"ဘောပင် ပေးပါဦး!"
အလုပ်ဖိုင်ကို ဖတ်ပြီး သူ့ဆီလက်လှမ်းနေတဲ့ ဂျောင်ကု..။
ဘုန်း!!!!
စားပွဲခုံကို လက်ဖြင့်ရိုက်ချလိုက်သော ဆော့ဂျင်ဟာ ဒေါသထွက်နေပြန်ပါပြီ ။ဂျောင်ကုကသူ့ကိုမျင်ခုံးပင့် ကြည့်လာပြီး..
"ယူလေ!ဘာလုပ်နေတာလဲ?".
"ဒီမှာဂျွန်ဂျောင်ကု!!မင်းငါ့ကို ဘာထင်နေတာလဲ?"
"အလုပ်သင်လေ!"
"အဟွန်း!အလုပ်သင်??အလုပ်သင်က ခုလိုတွေထိ လုပ်ပေးနေစရာမလိုဘူးလို့ငါထင်တယ်..လက်ကျိုးနေတဲ့ အလုပ်ရှင်ဆို ထားတော့.."
"အထွန့်တတ်နေတာလား?"
"အမှန်ပြောနေတာ!!မင်း ဟိုအတွင်းရေးမှုးမကို ခိုင်းလေ..ငါ့ကိုအလုပ်ပဲ သင်ပေး!!"
"ဟက်!ငါ့ကိုဆရာလာမလုပ်နဲ့!အေးဆေးပေါ့..ဘာတွေလောနေတာလဲ?"
"ရော့!!"
ဘောပင်ကိုကောက်လိုက်ပြီး ဂျောင်ကုကိုပေးလိုက်သည် ။ဂျောင်ကု လည်း ယူလိုက်ပြီး..
"ကျေးဇူးမိန်းမ~"
"ချီးးးးး"
"သွားလို့ရပြီ!!"
အမိန့်ပေး တဲ့ ဂျောင်ကု ။ဆော့ဂျင် ဒေါသတွေကို ခဏတာ မျိုချလိုက်ပြီး သူ့အလုပ်စားပွဲဆီကိုသာ ပြန်သွားလိုက်သည်။
Time skip>>>>>
At Bar...
Hs"ဟေး..နောက်ကျသွားလို့ ဆောရီး~
ခုံကိုဆွဲယူပြီး ထိုင်လိုက်သည် ။
ဂျီမင်ကတော့ ကော့တေးကိုသာသောက်နေသည် ။သူ့ကိုမျက်စောင်းထိုးရင်းပေါ့။
YOU ARE READING
Tom and Jerry
FanficJeon Jungkook ဟက်!ပုစွန်ဦးနှောက်နဲ့တက်မလာနဲ့ တောက်ချလိုက်မယ်! Kim Seokjin အဲ့အကောင်!!ဂျွန်ဂျောင်ကုဆိုတဲ့ ယုန်သွားနဲ့ကောင်ကို တစ်စက်ကလေးမှလကြည့်လို့ကိုမရဘူး!!