Yg ဆေးရုံမှာ နှစ်ရက်လောက်နေပြီးနောက်..
တော်တော်ငြီးငွေ့စရာကောင်းလာပြီ ဒီဆေးနံ့တွေရောပဲ!
ဒေါက်..ေဒါက်..
"ဝင်ခဲ့!"
ဝင်လာသူက သူ့ဦးလေးနမ်ဂျွန်နှင့် ဂျောင်ဟိုဆော့ ။
"ဆောရီး ယွန်းဂီ..ဟိုနေ့တွေက အလုပ်တွေအရမ်းရှုပ်နေတာနဲ့ မင်းဆီကိုမလာဖြစ်ဘူး~"
Nj မှ အားနာနာနှင့်စကားဆိုလာသည် ။
"ကိစ္စမရှိပါဘူး..သေမယ့်လူမှမဟုတ်ပဲ!"
ထိုစကားကြောင့် သူတို့ကြား လေထုကြီးက အေးစက်သွားရသည် ။မနေနိုင်တဲ့ဟိုဆော့ကပဲ..
"ဒီအလာတုန်းက ဦးနဲ့ကျွန်တော် ဆေးရုံအုပ်ဆီဝင်ခဲ့သေးတယ်..စီအီးအို ဆေးရုံဆင်းချင်ရပြီတဲ့~"
"အင်း~"
"ဒါဆို..မင်းကိုကူညီဖို့ ချာတိတ်ကို ထားခဲ့လိုက်မယ်~"
"မလိုဘူး..သူ့ကိုကူညီလိုက်လို့ ဒီလိုဖြစ်ရတာ..သူက ကံဆိုးစေတဲ့လူပဲ!"
ယွန်းဂီရဲ့စကားကြောင့် နမ်ဂျွန် အံ့အားသင့်သွားသည် ။ဟိုဆော့လည်း မျက်လုံးအဝိုင်းသားဖြစ်သွားရသည် ။
"မင်း ဘယ်လိုပြောလိုက်တာလဲ ယွန်းဂီ~မင်းငါ့ကို အမြင်မကြည်ဘူးဆိုတာ ငါသိပါတယ်..ဒါမဲ့!"
"ဘာဖြစ်လဲ!? "
"မင်း!!"
"ဦး တော်ပါတော့!ကျွန်တော့်အတွက်နဲ့ စကားမများပါနဲ့တော့..ကျွန်တော်က စီအီးအိုမင်ပြောသလို ကံဆိုးတဲ့လူသားပါ.."
တစ်ဖြည်းဖြည်း ငိုသံပါလာတဲ့ ဟိုဆော့ ။နမ်ဂျွန် စိတ်ကိုထိန်းလိုက်ပြီး ဟိုဆော့လက်ကိုဆွဲကာ..
"မင်းနဲ့မပတ်သက်မိအောင် ငါတို့နေပါ့မယ်!"
ထို့နောက် ဆောင့်ပိတ်သွားသော တံခါး ။ယွန်းဂီကိုယ်တိုင်လည်း ဘာလို့ ဒီလိုတွေပြောလိုက်မှန်းမသိပါ ။ဝင်လာတဲ့ လူနှစ်ယောက်ကြောင့်လား?
ဘာလို့ ဦးလို့ခေါ်ရတာလဲ!!ပြီးတော့ ချာတိတ်?ဟက် ဘယ်လိုဆက်ဆံရေးမျိုးလဲ??
တစ်ကယ်တော့ ကျောင်းကတည်းက ဟိုဆော့အပေါ် စိတ်ဝင်စားခဲ့တာပါ ။ခုတော့ ~
YOU ARE READING
Tom and Jerry
Fiksi PenggemarJeon Jungkook ဟက်!ပုစွန်ဦးနှောက်နဲ့တက်မလာနဲ့ တောက်ချလိုက်မယ်! Kim Seokjin အဲ့အကောင်!!ဂျွန်ဂျောင်ကုဆိုတဲ့ ယုန်သွားနဲ့ကောင်ကို တစ်စက်ကလေးမှလကြည့်လို့ကိုမရဘူး!!