Tom & Jerry...ep-12

1K 113 23
                                    

သူငယ်ချင်းသုံးယောက်အတူတူ ရေဆော့ဖို့ထွက်လာခဲ့ကြသည် ။ဆော့ဂျင်ဟာ ဒူးအထက်အဝါရောင်ဘောင်းဘီတိုနဲ့ ရှပ်ကို ဝတ်ဆင်ထားသည် ။နေကာမျက်မှန်အမည်းကိုလည်းတပ်ထားပါသေးသည် ။ဟိုဆော့ကတော့ အစိမ်းရောင် ရှပ်အကျီ..နဲ့အဖြူရောင်ဘောင်းဘီတိုကိုဝတ်ဆင်ထားသည် ။ပေါင်လယ်လောက်ထိတိုလွန်းတာကြောင့် ဖြူဖွေးသွယ်လျနေတဲ့ခြေတံတို့ဟာ အတိုင်းသား ။ဂျီမင်ကတော့ ဒူးအောက်ဘောင်းဘီအတိုနဲ့ ရှပ်အဖြူကိုဝတ်ဆင်ထားသည် ။

Hs"ရား!ရေသွားဆော့မှာပါဆို ဘာလို့မျက်မှန်အမည်းကြီးတပ်လာရတာလဲကွ!

Jm"အေးလေ!ဆော့ဂျင်ရာ..မသိရင် မျက်ကန်းက ရေဆော့နေ တဲ့အတိုင်းပဲ!

J"ချီးထဲမှပဲ!မင်းတို့ပါးစပ်လေးပိတ်ထားလို့မရဘူးလား?ဒါစတိုင်လို့ခေါ်တယ်လေ စတိုင်..ဘာမှမသိပဲနဲ့!

Jm"ပြောမိတဲ့ငါ့ပါးစပ်သာ ရွှေကွတ်ထားလိုက်ချင်တော့တယ်!

Hs"$ ဆန်းကြီး!

J"လာကွာ..သွားဆော့ကြမယ်.ခဏနေနေပူလာတော့မှာကွ!

Hs"ရား!ညနေရောက်နေရောက်နေပြီကို မင်းအဖေနေက ဘယ်အပေါက်ကနေထွက်လာမှာလဲ!?

J"အာ..ဟဲဟဲ ယောင်သွားလို့..ခဏနေမိုးချုပ်တော့မယ်လို့ပြောမလို့ပါကွ!

Jm"လာလာ..အချိန်ပုတ်တယ် သွားဆော့ကြမယ်!

ထို့နောက် ေဘာကွင်းတွေယူပြီး ပင်လယ်ထဲသို့ပြေးဆင်းသွားသော သူငယ်ချင်းသုံးယောက် ။

Jk"တောက်!!

နေရင်းထိုင်ရင်း တောက်ထခေါက်တဲ့ ဂျောင်ကုကြောင့် ကျန်တဲ့သူငယ်ချင်းနှစ်ယောက်မှာ လန့်ကုန်ကြသည် ။ထယ်ယောင်းဆို သောက်နေတဲ့အုန်းရည်တောင်သီးသည် ။

"အဟွတ်..အဟွတ်!တစ်..တစ်သျှူး~"

Yg လည်း တစ်သျှူးတစ်ရွက်ကို လှမ်းပေးလိုက်သည် ။ဂျောင်ကုကတော့ သူတို့ဖြစ်ပျက်နေတာကိုသိပုံမပေါ် ။မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ပင်လယ်ဘက်ကိုသာ စူးစိုက်ကြည့်နေသည် ။

Tae"ဘာဖြစ်ပြန်တာလဲကွာ~

ဒုန်း!!

စားပွဲခုံကို ထုလိုက်သော ဂျောင်ကုကြောင့် ကျန်နှစ်ယောက် ပင်လယ်ဘက်ကိုကြည့်လိုက်သည် ။မြင်လိုက်ရတာက သူတို့ရင်ကို ပူလောင်လာစေသည် ။

Tom and JerryWhere stories live. Discover now