🌚ကိုချစ်မြတ်နိုးသူများသာ ဖတ်ရန်👌
သူတို့ဂျယ်ဂျူမှာ ငါးရက်လောက်နေပြီး ဆိုးလ်ကိုပြန်လာခဲ့ကြသည် ။
ေဂျာင်ကုက သူတို့ချင်းတွဲနေပြီဆိုတာကို သူ့မိဘတွေကို ပြောပြချင်ပေမယ့် ဆော့ဂျင်ကအသိမပေးနှင့်ဦးဟုဆို၍ ပြောထားသောကြောင့် အသိမပေးခဲ့ရချေ ။
"ဂျောင်ကု!"
"ဗျာ!အဖေ!"
"ဘယ်တွေအတွေးပေါက်နေတာလဲ ငါပြောတာကိုရောကြားရဲ့လား?"
အဖေက စိတ်မရှည်စွာမေးလာသည် ။
ဂျောင်ကုမျက်နှာကို ဖြီးပြလိုက်ပြီး.."မကြားလိုက်လို့ one more appa~"
"ဒီကောင်တော့!!"
ဖန်ခွက်နဲ့ကောက်ပေါက်တော့မယ့်အဖေ့ကို အမေက ခပ်မြန်မြန်တားလိုက်လို့သာပင် မဟုတ်ရင် အနည်းဆုံးငါးချက်လောက်ကတော့ မသာလေးချုပ်နေရပြီ!
"ရှင်ကလည်း!ဒေါသထွက်နေပြန်ပြီ!သေခါနီးကျမှ ဒေါသတွေထွက်လွယ်နေတာ ငရဲသွားချင်လို့ထင်တယ်!"
အမေက အဖေ့ကို ဆူသလိုပြောလိုက်သည် ။ထိုအခါအဖေက အေမ့ကိုသတိထားနေဆိုတဲ့အကြည့်နဲ့ကြည့်လိုက်ပေသည် ။
"မနက်ဖန် ငါ့မိတ်ဆွေရဲ့သမီး ကိုးရီးယားကိုပြန်လာလိမ့်မယ်..အဲ့တာ မင်းသူ့ကိုလေဆိပ်မှာသွားကြိုပေးရမယ်! "
"သူကပြန်မလာတတ်လို့လား?"
"ဒီမှာ အသိဆိုလို့ငါတို့ပဲရှိတာလေ..ကောင်မလေးက ကိုးရီးယားမဟုတ်ဘူး တရုတ်မလေး!နာမည်က ကျောက်ယွီယွီ~"
"ေကျာက်ယွီယွီ~နာမည်လေးကတော့မဆိုးပါဘူး..ကိုးရီးယားစကားတော့တတ်တယ်မလား?"
"တတ်တယ်!"
"မနက်ဖန်ဘယ်အချိန်သွားကြိုပေးရမှာလဲ?"
"ကိုးနာရီ!"
"သိပါပြီ~"
"ဒါနဲ့သား..ဂျင်လေးကို သင်ပေးရတာအဆင်ပြေလား?"
ထိုအခါ ဂျောင်ကုမျက်နှာပိုးမသေတော့ပါ ။
"ပြေပါတယ်..အစကတော့ဂျစ်ကန်ကန်လုပ်နေတာလေ!နောက်ပိုင်းကျွန်တော် သူ့ကိုဆုံးမလိုက်မှဦးကျိုးသွားတာ~"
YOU ARE READING
Tom and Jerry
FanficJeon Jungkook ဟက်!ပုစွန်ဦးနှောက်နဲ့တက်မလာနဲ့ တောက်ချလိုက်မယ်! Kim Seokjin အဲ့အကောင်!!ဂျွန်ဂျောင်ကုဆိုတဲ့ ယုန်သွားနဲ့ကောင်ကို တစ်စက်ကလေးမှလကြည့်လို့ကိုမရဘူး!!