Jk တစ်ယောက် လေဆိပ်ကိုသွားပြီး တရုတ်ကောင်မလေးကိုသွားကြိုပေသည် ။
သူကားကိုစမတ်ကျကျမှီပြီးစောင့်နေသည် ။လက်က နာရီကိုတစ်ချက်ကြည့်ကာ...
"ကိုးနာရီကျော်နေပြီကို ခုထိရောက်မလာသေးဘူး~"
"နိ!"
Jk လှည့်ကြည့်လိုက်တော့ တိုတိနေတဲ့ဂါဝန်အဝါနဲ့ကောင်မလေး ။သူ့ကိုကြည့်ပြီးပြုံးပြကာ..
"နိဟောင်!"
"အာညော်!"
Jk သူ့ရှေ့ထုတ်ပေးလာတဲ့ သူမလက်ကို မဆွဲပဲ ပြန်နှုတ်ဆက်လိုက်သည် ။သူမက မျက်နှာတစ်စက်ကလေးမှမပျက် ။
အဲ့တာတွေဂရုမစိုက် ။သူက မိန်းမတွေ နဲ့ဓာတ်မတည့်ဘူးလေ!
ထို့နောက် ကောင်မလေးရဲ့အထုတ်တွေကို ကားနောက်ထဲထည့်လိုက်ပြီး နောက်ခန်းတံခါးကို ဖွင့်ပေးလိုက်သည် ။ထိုအခါ ပြူးကြောင်ကြောင်နှင့်ကြည့်လာသော သူမ ။
"ဘာကြည့်နေတာလဲ!? တက်လေ!"
"အရှေ့ခန်းမှာပဲထိုင်မယ်!"
ပြောပုံကိုက အမြင်ကပ်စရာ ။မိန်းကလေးတွေကို ဦးစားပေးမဲ့ထဲ ဂျွန်ဂျောင်ကုတို့မပါဘူး ဆောရီး မိန်းကလေး!ဟက်!
"ရှေ့ခန်းက အစ်ကို့ကောင်လေးအတွက်သီးသန့်!သူပဲ ထိုင်ခွင့်ရှိတာ!"
သူမက သူ့ထက်အသက်ငယ်သည်မို့ အစ်ကိုလို့သုံးနှုန်းလိုက်သည် ။ဒါကို ရှေ့ကကောင်မလေးက ဘာတွေသဘောကျနေသည်မသိ ။ပြုံးစိစိလုပ်နေသည် ။
"မတက်ရင်နေခဲ့တော့!"
"အာ..အာ..လိုက်မယ်!"
ထို့နောက် ကားတံခါးကို အသံမြည်အောင်ပိတ်လိုက်ပြီး သူမနေမဲ့နေရာသို့ လိုက်ပို့လိုက်သည် ။
Tom and Jerry🌼🌼🌼🌼🌼KOOKJIN🌸🌸🌸🌸🌸
Jk ထိုမိန်းကလေးကိုလိုက်ပို့ပေးပြီး ဆေးတွေဝယ်ကာ ဂျင့်အိမ်သို့ ။
မနေ့က သူ့လုပ်ရက်ကြောင့် ဆော့ဂျင်အလုပ်ကိုလာနိုင်မည်မဟုတ် ။ဒါ့ကြောင့် တွေ့ချင်တဲ့သူကပဲ သွားတွေ့ရမည်မဟုတ်ပါလား?"အော်..သားဂျောင်ကုပဲ!ဆော့ဂျင်ဆီလာတာလား?"
"ဟုတ်ကဲ့အန်တီ~"

YOU ARE READING
Tom and Jerry
FanfictionJeon Jungkook ဟက်!ပုစွန်ဦးနှောက်နဲ့တက်မလာနဲ့ တောက်ချလိုက်မယ်! Kim Seokjin အဲ့အကောင်!!ဂျွန်ဂျောင်ကုဆိုတဲ့ ယုန်သွားနဲ့ကောင်ကို တစ်စက်ကလေးမှလကြည့်လို့ကိုမရဘူး!!