အပိုင်း - ( 4 )

14.5K 1.5K 4
                                    

Unicode

           " ဒီမှာ ကြီးမေစုထားတဲ့ ရွှေစတွေ "

           " အာ ကြီးညို ဘာလုပ်တာတုန်း ၊ ပြန်ထုတ် ပြန်ထုတ် ၊ သားမယူဘူးနော် "

           " ဟဲ့ ကောင်လေး ဘာကို မယူရမှာလဲ ၊ မြို့တော်ကြီးဆိုတာ ဘယ်လိုနေရာမျိုးလဲ မင်းသိရဲ့လား ၊ ငွေကိုရေလိုသုံးနိုင်မှ လူရာဝင်တာ သားငယ်ရဲ့ ၊ မင့်မှာ ရွှေလေးနည်းနည်းမှမပါရင် မတော်လို့ အရေးကြုံလာတဲ့အခါ ဘယ့်နှယ်လုပ်မလဲ "

         " ကြီးညိုပြောတာဟုတ်တယ် ပုံပုံ ၊ မလိုအပ်ပဲ ငြင်းမနေနဲ့ "

         " ဟုတ်... "

        ခပ်နွမ်းနွမ်း အဝတ်အိတ်ထဲကို ကြီးညိုက ပစ္စည်းတွေထည့်ပေးနေပြီး မေမေနှင့် ပုံပုံက ဘေးကနေ ရပ်ကြည့်နေရ၏။

      " ဒါက ရေချိုးဆပ်ပြာခဲ ၊ ဒီမှာက ညအိတ်ဝတ်စုံရယ် ၊ အပေါ်ထပ်အင်္ကျီရယ် ၊ အဝတ်အပိုနှစ်စုံရယ် ၊ လိုကာမယ်ကာ ဖိနပ်အပိုတစ်ရံရယ် ၊ ဒီမှာ သွားတိုက်တံနဲ့ ခေါင်းဘီး ၊ ခေါင်းစည်းကြိုးနည်းနည်းရယ် ၊ သားကြိုက်တဲ့ သကြားလုံးဘူး ၊ ဓားမြှောင်အသေးတစ်လက် ၊ ဟိုရောက်ရင် မနက်အိပ်ယာထတာနဲ့ ဆံပင်ကိုခေါင်းဘီးနဲ့သေချာဖြီးပြီး တစ်ခါတည်းစည်းနော် ပုံပုံ ၊ အပျင်းထူဖို့ မစဥ်းစားနဲ့ ၊ သူများတွေရှေ့ခေါင်းစုတ်ဖွားကြီးနဲ့မနေနဲ့ဦး ၊ ဒီမှာရေသန့်ဘူးနဲ့မုန်လာဥပေါင်မုန့် "

        ပုံပုံ ကြီးညို၏ ခပ်ဖိုင့်ဖိုင့်ခန္ဓာကိုယ်ကြီးကို တိုးဝှေ့ကာ ဖက်ထားလိုက်သည်။နွေးနေတာပဲ...

       " သားမသွားချင်ဘူး... "

       " မေမေ့သားက တော်ပြီးသားပဲကို...အဆင်ပြေမှာပါသားရယ်... "

       မေမေက ပုံပုံနှင့် ကြီးညို နှစ်ယောက်လုံးကိုဖက်ကာ တီးတိုးရေရွတ်နေ၏။ပုံပုံ့ကို အားပေးနေတာလား သူ့ကိုယ်သူဖြေသိမ့်နိုင်ရန် ကြိုးစားနေတာလားတော့မသေချာပေ။

      " ကဲသားအမိတွေ တော်ရုံပဲ အလွမ်းသယ်တော့ ၊ အိမ်ရှေ့မှာ အနီးဆုံးမြို့ကို သွားမယ့် ထင်းလှည်းစောင့်နေတယ် "

        ပုံပုံ အိတ်ကိုကောက်လွယ်ကာ အိမ်ထဲကနေထွက်ပြီး လှည်းနောက်မြီးပေါ်တက်ထိုင်လိုက်သည်။မေမေနှင့် ကြီးညိုက အိမ်ပေါက်ဝမှာတင်ရပ်နေပြီး အနားကပ်မလာတော့။ကြည့်ရတာ ငိုမိကြမှာစိုးလို့ဖြစ်မည်။

လောဘကြီးတဲ့ကျွန်တော့်ချစ်သူကိုရွှေနဂါး(Completed)✅🌊Место, где живут истории. Откройте их для себя