အပိုင်း - ( 6 )

14K 1.4K 33
                                    

Unicode

         " ဘာ...ဘာမှမဖြစ်ပါဘူး သခင်လေး ၊ ဒီမှာ ဘယ်ကလမ်းဘေးကျွန်မှန်းမသိဘူး ကိုယ့်အဆင့်ကိုယ်မသိပဲ နဂါးနီအိမ်တော်ရဲ့ ရထားလုံးရှေ့လာပိတ်နေလို့ "

      " ကျစ်...မြန်မြန်လုပ်စမ်းပါကွာ ၊ မင်းကြောင့်ငါ လေလံပွဲနောက်ကျပြီး လိုချင်တဲ့ ပန်းရောင်စိန်ကိုမရရင် သုံးလစာဖြတ်ပစ်မှာနော် "

      ရထားလုံးထဲမှ အမည်မသိရသော သခင်လေးဖြစ်သူ၏ လစာဖြတ်မည့်စကားကြားတော့ ရထားလုံးမောင်းသမားက ပြာပြာသလဲဖြစ်သွားသည်။

       ဘေးပတ်ပတ်လည်တွင် လူတွေအုံကာ ဝိုင်းကြည့်နေကြသော်လည်း လမ်းမပေါ်တွင် စုတ်တီးစုတ်ပြတ်ဝတ်ရုံနှင့်လဲကျနေသော ပုံပုံ့ကိုတော့ မည်သူမျှဂရုမစိုက်နေ။

     အားလုံး၏ အာရုံက မျက်စိကျိန်းလောက်အောင်တောက်ပနေသော ရထားလုံးနှင့် အထဲမှ စိတ်မရှည်သလို အသံပိုင်ရှင်ဆီသာရောက်နေကြ၏။

       " ဟိတ်ကောင် ၊ ငါ့သခင်ပြောတာကြားတယ်နော် ၊ ရထားလုံးရှေ့ပစ်လှဲပြီး ပိုက်ဆံတောင်းတဲ့အကွက်တွေတော့ လာမလုပ်နဲ့ ၊ အခုချက်ချင်း ဖယ်လိုက်စမ်း "

      ပုံပုံ့ဆီကို ဖြောင်းကနဲကျရောက်လာသော ကြာပွတ်ရိုက်ချက်ကြောင့် လန့်ကာ မြေကြီးပေါ် တစ်ပတ်လှိမ့်ပြီး ရှောင်လိုက်ရသည်။

     နားထဲမှလေတွေထွက်တဲ့အထိအောင် ထိတ်လန့်နေပါသော်လည်း လူမဆန်တဲ့ ကြာပွတ်ရိုက်ချက်ကြောင့် ပုံပုံ ပိုမိုဒေါသထွက်သွား၏။

       " ခင်ဗျားကဒီလိုပြောလာမှတော့ ကျုပ်လည်း ကွေ့ဝိုက်မနေတော့ဘူး ၊ ခင်ဗျားသခင်နောက်မကျရအောင် ကျုပ်ကို အခုပိုက်ဆံပေးလိုက်လေ "

      တုန်ယင်ချင်နေသော အသံကိုထိန်းကာ ပုံပုံ သတ္တိမွေးပြီး ရထားလုံးမောင်းသမားကို အော်ပြောလိုက်သည်။ဖျံမျိုးနွယ် ရထားလုံးမောင်းသမားမှာ မျက်နှာတွေနီရဲသည်အထိ ဒေါသထွက်သွားပုံရ၏။

       " ဘာပြောတယ်ကွ "

       " ခင်ဗျားပဲ ပြောတာလေ ၊ ကျုပ်က ပိုက်ဆံလိုချင်လို့ရထားလုံးရှေ့ပစ်လှဲတယ်ဆို ၊ ဘာပဲဖြစ်ဖြစ် ခင်ဗျားတို့ရထားလုံးကြောင့် ကျုပ်နာသွားပြီ ၊ ကျုပ်ကို ဆေးဖိုးဖြစ်ဖြစ် လျော်ကြေးဖြစ်ဖြစ်ပေး ၊ မဟုတ်ရင် ခင်ဗျားတို့ဘာသာ ဘယ်အိမ်တော်ကပဲဖြစ်ဖြစ် သာမန်ပြည်သူတစ်ယောက်ကို အကြောင်းမဲ့နှိပ်စက်မှုနဲ့ နန်းတော်မှာ သွားတိုင်ပစ်မယ် "

လောဘကြီးတဲ့ကျွန်တော့်ချစ်သူကိုရွှေနဂါး(Completed)✅🌊Where stories live. Discover now