အပိုင်း - ( 22 )

13.5K 1.4K 23
                                    

Unicode

      " ဘယ်သူလဲ ၊ ထွက်ခဲ့စမ်း "

      နက်ရှိုင်းက ခပ်တင်းတင်း ဟိန်းဟောက်လိုက်သော်လည်း တစ်ဖက်မှ ဘာသံမှ ပြန်ထွက်လာခြင်းမရှိ။

    သို့သော် တစ်ခဏကြာလျှင် အသံလာရာ သစ်ပင်ကြီးနောက်ဖက်မှ အပြင်းကြောဆန့်သံလိုလို သန်းဝေသံလိုလို အသံတစ်ခုထွက်လာသည်။

     ပုံပုံ ကြောင်အသွား၏။

      ဒီလောက်ကြောက်စရာကောင်းတဲ့ နဂါးကြီး တစ်ကောင်လုံးရှိနေတာတောင် တစ်ဖက်လူက သန်းနေနိုင်သေးတယ်။ဒီလူ တော်တော် သတ္တိကောင်းတာပဲ။

      ပုံပုံ နက်ရှိုင်း ခေါင်းပေါ်က ဂျိုကြီးနှစ်ချောင်းကြားကို မရရအောင် ကုတ်ကတ်တွယ်တက်သွားကာ ငြိမ်ငြိမ်လေးပုန်းနေလိုက်သည်။နဂါးကိုတောင်မကြောက်မှတော့ သူ့ကိုအန္တရာယ်ပေးမယ့်သူဆို ဘယ်လိုလုပ်မလဲနော့။အားကိုးရှိမှတော့ ကြိုပုန်းနေရမှာပေါ့။
     
    ပုံပုံတစ်ယောက် ပုန်းသာပုန်းနေသော်လည်း သူ့ပန်းရောင် ခေါင်းထိပ်ကလေးက သိသာစွာပေါ်နေသည်ကိုတော့ မသိရှာပေ။အသံကို ခိုးနားထောင်ချင်နေတာကြောင့် ခါတိုင်း ခေါင်းလုံးလုံးလေးဘေးတွင် တွဲလောင်းကျနေတတ်သည့် ပန်းရောင်နားရွက်ရှည်ရှည်လေးတစ်ဖက်က ထောင်နေ၏။

     သစ်ပင်နောက်မှ လူတစ်ယောက် အေးအေးလူလူထွက်လာသည်။အသက် ၄၀ခန့်ရှိမည်ဟုထင်ရကာ ဗိုက်အနည်းငယ်ပူပူနှင့် လက်ထဲတွင်လည်း ပန်းသီးစိမ်းတစ်လုံးကို တဂျွတ်ဂျွတ်မြည်အောင်ကိုက်ဝါးနေသည်မှာ ပုံပုံပင် သွားရည်ကျလာ၏။

    " ခင်ဗျား ဘယ်သူလဲ "

     နက်ရှိုင်းက လည်ချောင်းသံနှင့် မာန်ဖီပြီးမေးလိုက်ရာ လေထုထဲတွင် အပူလှိုင်းတွေပါ ပျံ့သွားသည်။

    လူကြီးက ခပ်အေးအေးပြုံးကာ နက်ရှိုင်းကို ကြည့်လိုက်ပြီး

     " ဒီခေတ်ကလေးတွေက တယ်လည်း နမော်နမဲ့နိုင်ကြတာကိုး...ငါ့အိမ်ထဲဝင်လာပြီး စိတ်ရှိလက်ရှိလည်း ဆော့နေကြသေး ၊ ငါ့များ ဘယ်သူတုန်းတဲ့ "

      ထို့နောက် လူကြီးက အရှိန်အဝါတစ်ခုထုတ်ဖော်လိုက်ရာ လူကြီး၏ ခန္ဓာကိုယ် ပတ်ပတ်လည်တွင် အစိမ်းရင့်ရောင် အလင်းရောင်ခြည်လေးများ ပတ်လည်ဝိုင်းသွား၏။

လောဘကြီးတဲ့ကျွန်တော့်ချစ်သူကိုရွှေနဂါး(Completed)✅🌊Tahanan ng mga kuwento. Tumuklas ngayon