အပိုင်း - ( 19 )

13.4K 1.4K 55
                                    

Unicode

        ရာသီဥတုက ကြည်လင်သာယာက လေပြေလေညင်းများပင်တိုက်ခတ်နေသော်လည်း ခတ္တိယအကယ်ဒမီမှ ကျောင်းသားကျောင်းသူများ၏ မျက်နှာတွေကမူ မှုန်မှိုင်းနေကြသည်။

     နောက်တစ်နာရီအတွင်း သစ်တောထဲဝင်ကာ စာမေးပွဲဖြေရတော့မှာဖြစ်တာကြောင့် ကျောင်းသားကျောင်းသူတွေအကုန် သစ်တောစပ်တွင်ရောက်နေကြလေပြီ။

         တစ်လလောက်လိုသေးသည့် စာမေးပွဲကို ချက်ချင်းအချိန်ရှေ့တိုးလိုက်တာကိုရော ၊ အရင်က နှစ်အလိုက် တစ်သုတ်ချင်းစီ ကျင်းပရာကနေ အခု ကျောင်းသားဟောင်းရော ကျောင်းသားသစ်တွေပါရောပြီး အဖွဲ့ဖွဲ့ထားပေးသည့် ကိစ္စကိုပါ အားလုံးက မကျေမနပ်ဖြစ်နေကြ၏။

    အရင်စနစ်အရဆိုလျှင် အဖွဲ့ဖွဲ့ချင်လျှင်တောင် ကိုယ်နှင့် အရည်အချင်းဘက်ညီတဲ့သူ ၊ ဆက်ဆံရေး အဆင်ပြေတဲ့သူ ၊ တိုက်ခိုက်ရာတွင် အတွဲညီတဲ့သူကိုသာ ရွေးချယ်လေ့ရှိကြတာဖြစ်သည်။

    သို့သော် ယခုကတော့ အဖွဲ့တိုင်းတွင် ပထမနှစ်ကနေ နောက်ဆုံးနှစ်အထိ ပါဝင်နေပြီး မှော်အစွမ်းအရလည်း အားနည်းသည့်သူရော အားကောင်းသည့် သူပါရောနှောနေကြ၏။

    အားနည်းသည့်သူတွေက သူတို့ အနိုင်ကျင့်ခံရပြီး အမှတ်တွေလုခံရမှာကို စိတ်ပူနေကြပြီး အားကြီးသည့်သူတွေကတော့ အားနည်းသည့်သူတွေကြောင့် တာဝန်ဆောင်ရွက်ရာတွင် နှောင့်နှေးကြန့်ကြာသွားလောက်မည်ဟုတွေးကာ စိတ်ပျက်နေကြလေသည်။

     " ငါက မင်းနဲ့ အဖွဲ့ တူတူကျချင်တာကို... "

      ပုံပုံ အေသင်ဦးကို မျက်စောင်းခဲလိုက်သည်။

     " အပိုတွေမပြောစမ်းပါနဲ့ကွာ ၊ စီနီယာမင်းခိုက်နဲ့အဖွဲ့တူလို့ ပျော်နေတဲ့မျက်နှာကြီးက တအားသိသာလွန်းနေတယ် "

     " ဟီးဟီး...အဲ့လိုဖြစ်သွားလား... "

     အေသင်ဦးက သွားတွေအကုန်ပေါ်အောင် ထိန်းမနိုင်သိမ်းမရ တဟီးဟီး တဟဲဟဲတွေဖြစ်နေ၏။

        " ပုံပုံ လာတော့လေ "

      စီနီယာနက်ရှိုင်းလှမ်းခေါ်လာတာကြောင့် ပုံပုံ အေသင်ဦးကို နှုတ်ဆက်ကာ ပြေးသွားလိုက်သည်။

လောဘကြီးတဲ့ကျွန်တော့်ချစ်သူကိုရွှေနဂါး(Completed)✅🌊Donde viven las historias. Descúbrelo ahora