"1 2 3 start!!"
ချန်းယောလ်နားထဲမှစရန်အသံကြားသည်နှင့်ဒုန်းဆိုင်းပြေးတော့သည်။ပြေးရင်းပြေးရင်းချွေးပေါက်များကျလာသည်အထိမရပ်မနားပင်။ဒီပြေးလမ်းအဆုံးတွင်သူ့ကိုအမောဖြေပေးနိုင်မယ့်ရေတစ်ခွက်သာရှိသည်။ပထမဆုံးပန်းတိုင်ကိုရောက်သူမှသာထိုရေခွက်အားရမည်ဖြစ်သည်။
ချန်းယောလ်ပန်းတိုင်ကိုမြင်ရသည်နှင့်အားတင်ပြေးလိုက်သောကြောင့်နောက်ဆုံးတွင်အနိုင်ရသူမှာချန်းယောလ်သာဖြစ်သည်။
"ရော့ မင်းတော်တယ်"
Training ခေါင်းဆောင်မှရေခွက်အားကမ်းပေးလာပြီးချီးကျူးလာသည်။
"အလေးပြု!"
ချန်းယောလ်အခုရောက်နေသည်မှာစစ်တပ်ထဲတွင်ဖြစ်သည်။ငယ်ငယ်ကတည်းကဖြစ်ချင်ခဲ့သောရည်မှန်းချက်မှာ စစ်သားတစ်ယောက်သာဖြစ်သည်။ရိုးရှင်းလွန်းပေမယ့်လူတိုင်းကထိုအလုပ်ဆိုရှောင်ဖယ်ချင်ကြသည်။
ချန်းယောလ်အတွက်ကတော့ထိုအန္တရာယ်ဆိုတာကြီးကိုပင်ရင်ဆိုင်ချင်နေလေသည်။သေနတ်ပစ်ဖို့လေ့ကျင့်ကွင်းထဲရောက်သော
အခါခေါင်းဆောင်က"ကဲ ပစ်ကွင်းရောက်ပြီဆိုတော့အားလုံးအာရုံစိုက်ထားပါ စည်းမျဉ်းတွေကရှင်းတယ်
သတ်မှတ်ထားတဲ့မျဉ်းမှာရပ်ပြီးသေနတ်ကိုအနေအထားမှန်မှန်နဲ့ပစ်နိုင်ရမယ်။ပစ်မှတ်ထိသလောက်အမှတ်ရမယ်။အနည်းဆုံးလူကအပြစ်ဒဏ်ခံရမယ်။ရှင်းလား။"ဟုတ်ကဲ့ပါ ,,Sir"
"အမှတ်စဉ်51 ဂင်ဂျွန်ယောင်း အသင့်ပြင်"
ဂျွန်ယောင်းဆိုတဲ့တစ်ယောက်ကစည်းတွင်ရပ်ကာပစ်ရမယ့်သေနတ်နဲ့ပစ်မှတ်ကိုချိန်လိုက်ပြီးစတင်ပစ်တော့သည်။စုစုပေါင်း3ချက် ပထမတစ်ချက်က5
ဒုတိယအချက်က4နဲ့နောက်ဆုံးအချက်က5ဖြစ်သည်။"ဟုတ်ပြီ မဆိုးဘူး တော်တယ်"
ထိုမှအစဉ်လိုက်52,53,54,55,...အစဉ်လိုက်ပစ်သွားကြသည်။
"ဟုတ်ပြီ အမှတ်စဉ်61 ပတ်ချန်းယောလ်"
ချန်းယောလ်တန်းစီ၍ခေါင်းဆောင်အား
အလေးပြုလိုက်သည်။သေနတ်ကိုယူပြီးစည်းတွင်ရပ်ကာအနေအထားမှန်စွာသေနတ်ကိုလက်မောင်းကြားချိုင်းအောက်သို့ထားကာမောင်းတံပေါ်သို့လက်တင်လိုက်ပြီးပစ်မှတ်1ကိုချိန်ကာပစ်လိုက်သည်။သို့သော်ပစ်မှတ်2ကိုသာသုံးကြိမ်ဆက်တိုက်ထိသည်။