"Chanyeol"
"မင်းကိုခေါင်းဆောင်ခေါ်နေတယ်"
Chanyeolလာခေါ်တဲ့တပ်သားကိုခေါင်းငြိမ့်ပြလိုက်ကာခေါင်းဆောင်ရှိရာကိုအမြန်ပြေးလိုက်သည်။
"အလေးပြု"
Chanyeolလက်ကိုနဖူးရှေ့တွင်ထားကာအလေးပြုလိုက်သည်။
"ခေါင်းဆောင်ခေါ်တယ်ဆိုလို့ပါ"
"ဟုတ်တယ် ထိုင်ဦး"
Chanyeolဆရာ့ရှေ့ကထိုင်ခုံမှာဝင်ထိုင်လိုက်သည်။
"ငါအခုတပ်သားစုတွေထဲကအတော်ဆုံးအယောက်နှစ်ဆယ်ကိုရွေးထားတယ်အဲ့ထဲမှာမင်းလဲပါတယ် ရွေးထားတဲ့လူတွေကိုအထူးတပ်ဖွဲ့ဖွဲ့ပြီးအခုဖြစ်နေတဲ့caseမင်းသိလား"
"ဘယ်caseကိုပြောတာလဲဗျ"
"အခုနယ်စပ်ဘက်မှာအဖျက်သမားတွေနဲ့မှောင်ခိုလုပ်ငန်းတွေကိုပေါ်တင်လုပ်လာကြတယ် ဒါကြောင့်မင်းတို့အနေနဲ့တာဝန်ယူရမယ်"
"ဟုတ်"
"အချိန်တစ်ပတ်ရမယ် မင်းကအထူးတပ်ဖွဲ့ရဲ့ခေါင်းဆောင်အဖြစ်အဖွဲ့ကိုဦးဆောင်ပြီးလေ့ကျင့်ပေးရမယ်"
"ကျွန်တော်အကောင်းဆုံးကြိုးစားပါ့မယ်"
"ဟုတ်ပြီ chanyeol မင်းအကောင်းဆုံးလုပ်နိုင်မယ်ယုံကြည်ပါတယ် ဒီနေ့ပဲစလိုက်!!!"
"Yes,sir"
Chanyeolအနေနဲ့ဒီလိုအခွင့်အရေးကိုအမြဲလိုချင်နေတာကြောင့်တက်တက်ကြွကြွပဲလူစုလိုက်သည်။
"ကဲ ဒီကိုခေါ်လိုက်ရတဲ့အကြောင်းကအထူးတပ်ဖွဲ့အနေနဲ့နယ်စပ်ဘက်မှာတာဝန်ကျတာကြောင့်ဖြစ်တယ် ငါတို့အနေနဲ့အချိန်တစ်ပတ်ရမယ် ပြင်ဆင်စရာရှိတာပြင်ပြီးတာနဲ့ထွက်မယ်"
"ဟုတ်!!!"
လေ့ကျင့်ရေးပိုင်းကနေ့တိုင်းလုပ်တာမို့စိုးရိမ်စရာမရှိပေ။အားအင်မကုန်ခမ်းအောင်အနည်းငယ်သာလုပ်ခိုင်းပြီးတိုက်ခိုက်ရေးပိုင်းကိုပိုအားစိုက်ရသည်။နှစ်ယောက်တစ်တွဲတိုက်ကွက်များကိုလေ့ကျင့်ခိုင်းလိုက်သည်။ထို့နောက်စနိုက်ပါချိန်နည်း၊ရန်သူနားချဥ်းကပ်နည်း၊ရုပ်ဖျက်နည်း၊ခြေသံမကြားအောင်လှုပ်ရှားနည်းစသည်ကိုစနစ်တကျသင်ကြားပေးလိုက်သည်။