ဒေါက်တာလေးက ရက်ချိန်းမပေးပေမဲ့ဆေးပေးခန်းရှေ့ရောက်နေသူမှာဂနာမငြိမ်ပေ။အရှေ့အနောက်ကိုအပြန်ပြန်အလှန်လှန်လျှောက်ကာယူနီဖောင်းကြီးတကားကားနှင့်။
"ဘယ်လိုပြောရမလဲ"
*ကျွန်တော့်ကိုစမ်းသပ်ပေးပါဦး သက်သာလားလို့*အဲ့လိုလား"
*အဆုတ်ကမပျောက်ဘူးထင်တယ် ဘတ်ခ်ဟျွန်းစမ်းသပ်ပေးပါ့လား*
ဘတ်ခ်ဟျွန်းလာရင်ပြောဖို့စကားကိုလေ့ကျင့်နေသော သနားစရာတပ်သားလေးပင်။
ဘတ်ခ်ဟျွန်းမှာတော့အိပ်ယာနောက်ကျသောကြောင့်ဆေးပေးခန်းကိုကပျာကယာပြေးလာရသည်။ဆေးခန်းရှေ့ရောက်သောအခါလူတယောက်လမ်းလျှောက်နေတာကိုတွေ့လိုက်ရသည်။လူနာတောင်ရောက်နေပြီဆိုတော့သူတော်တော်နောက်ကျနေပြီပင်။
အနားရောက်မှကြည့်လိုက်တော့ချန်းယောလ်ဖြစ်နေသည်။မျက်နှာကလဲတစ်ခုခုကိုအသည်းအသန်စဥ်းစားနေပုံနှင့်။
"ချန်းယောလ် ဘာလာလုပ်တာလဲ"
"ဗျာ ဟို ကျွန်တော့်ကိုစမ်းသပ်ပေးပါ့လား"
ချန်းယောလ်ပြောဖို့အမျိုးမျိုးလေ့ကျင့်ခဲ့ပေမဲ့ထွက်လာတဲ့စကားကအလွှဲလွှဲအချော်ချော်။
"ဟင် ဘာကိုစမ်းသပ်ပေးရမှာလဲ"
"တစ်မျိုးမထင်ပါနဲ့ဗျ ကျွန်တော့်အဆုတ်ကိုပါ"
ဘတ်ခ်ဟျွန်းအနည်းငယ်ရှက်သွားရသည်။
စကားကိုရှေ့နောက်မလွတ်လာပြောတဲ့ချန်းယောလ်ကိုသာနာနာထုချင်တော့သည်။
(ခေါင်းကိုနော် သဲတို့👀)"လာပါ အထဲဝင်လေ ချန်းယောလ်စောင့်နေတာကြာပြီလား"
"မကြာသေးပါဘူးဗျာ"
တစ်နာရီလောက်စောင့်နေရတာကိုတော့ချန်းယောလ်မပြောတော့ပေ။လိုမှမလိုအပ်ဘဲ။အခုမျက်စိရှေ့ရောက်နေတာကိုပဲကျေနပ်လှပါပြီ။
"အော် ဒါနဲ့ချန်းယောလ်မသက်သာဘူးလား"
*သက်သာပါတယ် ဘတ်ခ်ဟျွန်းကိုတွေ့ချင်လို့လာတာ*
"ဟုတ် အရင်လောက်မဆိုးပေမဲ့တခါတခါအရမ်းအောင့်လာလို့ဗျ"
"ဟုတ်လား အခုလောက်ဆိုသက်သာနေရတော့မှာပဲကို"