10

285 36 12
                                    

မနက်အာရုဏ်ဦးတွင်ရန်သူတပ်စခန်းအနီးသို့‌ရောက်နေပြီဖြစ်သည်။အင်အားကတော့မသေး။ကိုယ်စီ‌သေနတ်များနှင့်အစောင့်များစွာရှိ၏။

ချန်းယောလ်အခြေအနေကိုလှမ်းကြည့်လိုက်‌‌တော့ထိုသူများကဆေးများကိုပင်အေးအေးဆေးဆေးကားပေါ်တင်နေ၏။

"သေချာတင် အထုတ်တွေမပေါက်စေနဲ့"

"ဟေ့ရောင် လမ်းကြောင်းစစ်ပြီးပြီလား"

"စစ်ပြီးပါပြီ ဆရာ အားလုံးရှင်းတယ်"

"သေချာလုပ် ပြီးကျရင်ထွက်မယ်"

ချန်းယောလ်လူခွဲပြီး‌ရှေ့သို့တက်ရန်လက်ဟန်ပြ၍လှုပ်ရှားခိုင်းလိုက်သည်။အခုဆိုရင်သူတို့ရဲ့စခန်းကိုဝိုင်းလိုက်ပြီဖြစ်သည်။ထိုသူများကအခြေအနေတောင်မသိဘဲဖုန်းနှင့်ဈေးတောင်ညှိနေသေးသည်။

"ဝမ် သိန်း1000 OK?"

"စိတ်မပူပါနဲ့ ဒီနေရာဘယ်သူမှမသိဘူး ဒါနဲ့သိန်းတစ်1000ပေးရတာတန်ပါတယ်ကွာ လက်ဆောင်တောင်ထည့်ပေးထားတယ်"

"ဟုတ်ပြီ"ဒါပဲ"

အပေါ်ဖက်ကကင်းစောင့်တွေကိုပစ်ရန်sniperများနေရာတွင်အသင့်ရှိသည်။
ချန်းယော်ရှေ့ကိုတိုးလိုက်ပြီးသစ်ပင်နားမှာရှိတဲ့လူကို‌အနောက်ကနေချုပ်လိုက်ပြီးမေ့ကြောကိုနှိပ်လိုက်သည်။ထို့နောက်လက်ကိုရှေ့ထိုးပြလိုက်သည်။

Sniperများကချန်းယောလ်အချက်ပြသည်နှင့်စ၍ပစ်တော့သည်။တပြိုင်နက်ချန်းယောလ်တို့ပါဝိုင်း၍ဆက်တိုက်ပစ်သည်။

ဒိုင်း ဒိုင်း ဒိုင်း

"Shit!!ဒီ*မသားတွေ ဘယ်ကရောက်လာတာလဲ"
ခေါင်းဆောင်ဖြစ်ဟန်တူသည့်လူကဆဲကာအကာ‌နောက်ပုန်းပြီးခါးက‌နေသေနတ်ဆွဲထုတ်ကာပြန်ပစ်သည်။

ချန်းယောလ်အရှေ့ဖက်ကလူတွေကိုအားလုံးကိုရှင်းပြီးကားနားအရောက်သွားလိုက်သည်။
ကားထဲတွင်မူးယစ်ဆေးမျိုးပေါင်းစုံတွေ့လိုက်ရသည်။ကားထဲကပစ္စည်းတွေကိုကြည့်နေတုန်းနောက်ကနေတစ်ယောက်ကလှမ်းပစ်၏။ချန်းယောလ်အမြန်ကား‌နောက်သို့ဝင်ပြီးထိုလူရင်ဘတ်တည့်တည့်သို့ပစ်လိုက်သည်။

Você leu todos os capítulos publicados.

⏰ Última atualização: Mar 21, 2023 ⏰

Adicione esta história à sua Biblioteca e seja notificado quando novos capítulos chegarem!

Born To Protect YouOnde histórias criam vida. Descubra agora