မနက်ခင်းဝေလီဝေလင်းအချိန်ပြတင်းပေါက်တွင်ငှက်ကလေးများသီကျူးနေပုံမှာစိတ်ချမ်းမြေ့စရာပင်။မနက်6နာရီတွင်နှိုးစက်မှအချိန်တိကျစွာတတီတီဖြင့်မြည်လာလေသည်။အိပ်ချင်မူးတူးဖြင့်ထလာသောချန်းယောလ်သည်ဘေစင်ပေါ်တွင်လက်ထောက်ကာမှန်ထဲသို့ကြည့်လိုက်ပြီးဘတ်ခ်ဟျွန်းနဲ့တွေ့ရမည်ဆိုသောအသိကြောင့်ပြုံးလိုက်မိသည်။
မနေ့ကဝယ်လာခဲ့တဲ့ရှပ်အကျီလက်ရှည်အဖြူကိုဂျင်းဘောင်းဘီအနက်နဲ့တွဲဝတ်လိုက်သည်။ဆံပင်ကိုပုံသွင်းလိုက်ပြီးရေမွှေးအနည်းငယ်စွတ်လိုက်တော့ပန်းသီးစိမ်းအနံ့သင်းသင်းလေးထွက်ပေါ်လာသည်။
အားလုံးပြင်ဆင်ပြီးတဲ့နောက်ဘတ်ခ်ဟျွန်းဆီဖုန်းဆက်လိုက်သည်။
"ဟယ်လို"
"ဘတ်ဟျွန်းနီး လာနေပြီလား"
"အခုပဲထွက်လာတာ ချန်းယောလ်"
"အဲ့ဒါဆိုခဏနေတွေ့မယ်နော်"
"အွန်း"
ချန်းယောလ်လဲအမေ့ကိုပြောပြီးကားသော့ဆွဲကာအိမ်ကနေထွက်လာခဲ့လိုက်သည်။
================
အမှန်အတိုင်းပြောရလျှင်ဘတ်ခ်ဟျွန်းလဲသူနဲ့တွေ့ဖို့အတွက်ရင်ခုန်နေပါသည်
ဒီနေ့မနက်မှထွက်လာတော့ဘာမှတောင်ကြိုမပြင်ဆင်ခဲ့ရဘူး။ချန်းယောလ်အမြင်မှာနည်းနည်းနည်းတော့အဆင်ပြေမှာပါနော်...
ချန်းယောလ်ကလျှောက်လည်ကြမယ်လို့သာပြောတာကြောင့်မှတ်တိုင်တစ်ခုမှာစောင့်နေပြီးဖုန်းဆက်လိုက်သည်။10မိနစ်လောက်ကြာတော့ကားတစ်စီးရောက်လာသည်။ကားမှန်ချလိုက်တော့ချန်းယောလ်ပင်။
"ဘတ်ခ်ဟျွန်းနီး တက်"
ဘတ်ခ်ဟျွန်းလည်းကားပေါ်တက်လိုက်ပြီးချန်းယောလ်ဘေးမှာထိုင်လိုက်သည်။ထိုင်ခုံခါးပတ်ပတ်ပြီးမှချန်းယောလ်ကစကားစလာတော့သည်။
"ဘတ်ခ်ဟျွန်းနီးစောင့်တာကြာနေပြီလား"
"မကြာပါဘူး ချန်းယောလ်ရဲ့"
အပြုံးလေးနဲ့ပြန်ဖြေလိုက်တဲ့ဘတ်ခ်ဟျွန်းကအေးချမ်းလှသည်။