ညသန်းခေါင်ယံအချိန်။
တောအုပ်၏အလယ်တွင်မီးပုံတစ်ခုနှင့်တပ်စခန်းစွဲထားသည်။
စခန်းမှညနေအချိန်မှထွက်ခဲ့သောကြောင့်တောအုပ်ထဲရောက်သောအခါမှောင်နေပြီဖြစ်သည်။စခန်းချသည်နှင့်ပင်သန်းခေါင်ယံအချိန်ရောက်၏။
ရန်သူ၏စခန်းနေရာကိုထောက်လှမ်းပြီးနောက် ထိုစခန်း၏5မိုင်အကွာတွင်ချန်းယောလ်တို့တပ်စခန်းကိုတည်ဆောက်ထားသည်။
နှစ်ရာကျော်သစ်ပင်ကြီးများနှင့်ချုံပုတ်ကြီးများကြောင့်တပ်စခန်းကိုလွယ်လွယ်မတွေ့နိုင်ပေ။ဘေးဖက်တွင်လည်းမိုးလုံလေလုံကျောက်ဂူတစ်လုံးရှိ၏။"ဒီမှာနားကြတာပေါ့ မနက်မှထွက်မယ်"
"ဟုတ်ကဲ့ ခေါင်းဆောင်"
"Tentတွေကိုသေချာထိုးဟေ့"
Tentထိုးတဲ့သူထိုး မီးမွှေးသူမွှေးနှင့်ကိုယ်စီအလုပ်လုပ်နေကြသည်။
"ညကင်းစောင့်ဖို့လူခွဲပြီးပါပြီ ခေါင်းဆောင်"
"ငါ့ကိုပါ ကင်းစောင့်တဲ့ထဲထည့်လိုက် ငါလဲဒီညမအိပ်ဘူး"
"ဒါပေမဲ့ ခေါင်းဆောင်က....."
"ငါကခေါင်းဆောင်ဆိုပြီးတာဝန်လျော့ပေါ့ပေးတာငါမကြိုက်ဘူး "
"ဒါဆိုလဲကောင်းပါပြီ ခေါင်းဆောင်"
*********************
တောက် တောက် တောက်
ခွက်ထဲကော်ဖီစေ့များပစ်ထည့်ပြီးမွှေးအောင်အပူပေးလိုက်သောအခါတတောက်တောက်နှင့်။ထို့နောက်ရေလောင်းထည့်ကာအဖုံးအုပ်ပြီးမီးပုံပေါ်ရှိတုတ်တန်းလေးတွင်ချိတ်လိုက်သည်။ခေါင်းဆောင်နှင့်အတူအဖွဲ့သားများကော်ဖီသောက် မီးအတူလှုံ ကင်းစောင့်ရင်းရောက်တတ်ရာရာများပြောဖြစ်ကြသည်။
"ခေါင်းဆောင် ကျွန်တော်တို့သူတို့ကိုမောင်းထုတ်နိုင်မယ်လို့ထင်လား"
"ထင်တာမထင်တာထက် သူတို့ကိုရှင်းထုတ်ရမှာငါတို့တာဝန်ပဲ"
"မရရင်ရော ခေါင်းဆောင်"
"အနုနည်းနဲ့မရရင်အကြမ်းနည်းသုံးရမှာပဲ ပြီးတော့အထက်က ပစ်မိန့်ရပြီးသား"