ဘတ်ခ်ဟျွန်းကငယ်ငယ်တည်းကလူအေးလေးဖြစ်၏။အပေါင်းအသင်းအရမ်းမမက်ပဲတစ်ယောက်ထဲအေးအေးဆေးဆေးနေရတာကြိုက်သည်။ထို့ကြောင့်အတန်းထဲကသူတွေနှင့်မျက်မှန်းတန်းမိရုံလောက်တာခင်သည်။အရမ်းကြီးအေးစက်နေတာမဟုတ်ဘဲဒီတိုင်းအနေအေးပြီးသဘောကောင်းတဲ့သူတစ်ယောက်ပေါ့။
အဲ့အကျင့်ကငယ်ရာကနေကြီးတဲ့အထိမပြောင်းလဲသွားပါချေ။တပ်ထဲစရောက်တုန်းကတစ်ယောက်တည်းယောင်လည်လည်နှင့်။ဆယ်ဟွန်းနဲ့သူငယ်ချင်းဖြစ်သွားတယ်ဆိုတာကလဲသူ(ဆယ်ဟွန်း)ကmannerကောင်းလို့ပင်။သူ့အကျင့်နဲ့ဆိုသူငယ်ချင်းရဖို့ဝေးတယ်လေ။
အချစ်ရေးကတော့အခုထိzeroပင်။နဂိုထဲကအနေအေးသောကြောင့်သူ့ကိုဘယ်သူမှသတိမထားမိခဲ့ပါ။ဘတ်ခ်ဟျွန်းကလဲစာမေးပွဲ
ရလဒ်ကိုပဲဂရုစိုက်တာကြောင့်အချစ်ရေးကိုသွေဖယ်ခဲ့သည်။
အချစ်ဆိုတာကိုမထိတွေ့ဖူးခဲ့တဲ့ကောင်လေးလို့လည်းပြောလို့ရတာပေါ့။*အခုထိ အင်းး အရင်ကအထိပေါ့ အချစ်နဲ့မတွေ့သေးတာ*
အခုတော့ချန်းယောလ်ဆိုတဲ့ကောင်လေးနားမှာသူ့နှလုံးသားလေးကကျရှုံးနေရပြီလေ။
အဲ့ကောင်လေးလဲသူ့လိုဖြစ်နေရင်ကောင်းမယ်လို့လဲတွေးမိပါသေးသည်။တကယ့်ကိုဆေးမမီတော့ပါ။ချန်းယောလ်ဘက်ကဘယ်လိုလဲမသိပေမဲ့
ဘတ်ခ်ဟျွန်းနှလုံးသားလေးကျရှုံးသွားပြီဆိုတာကတော့သေချာပါသည်။*************
နောက်ပိုင်းမှာတော့ချန်းယောလ်နှင့်အလွန်ရင်းနှီးနေပြီ။သူကမနက်ခင်းတစ်ခါ၊နေ့လည်ခင်းကော ညနေပါမကျန်အကြောင်းပြချက်မျိုးစုံဖြင့်ဘတ်ခ်ဟျွန်းနားရောက်ရောက်လာသည်။ဒါလဲဘတ်ခ်ဟျွန်းကသိသိကြီးနှင့်မသိချင်ယောင်ဆောင်ကာလွှတ်ပေးထားလိုက်သည်။ဘာလို့လဲဆိုတော့သူလည်းချန်းယောလ်ကိုတွေ့ချင်သည်လေ။နောက်ဆုံးတစ်ခါလာတုန်းကထိခိုက်မိတယ်ဆိုပြီးအပြေးရောက်လာတော့ဘတ်ခ်ဟျွန်းစိတ်တွေပူရသည်။ကြည့်လိုက်တော့ဘာဖြစ်တယ်ထင်လဲ!!!
လေ့ကျင့်ကွင်းဘေးကသံဇကာနှင့်လက်ကိုခြစ်မိတာတဲ့လေ။