ဧကရာဇ်ရဲ့ဆံဖြူရှင် အပိုင်း ၃

119 11 0
                                    

(ဟင် ဒါဟိုနေ့က ယုန်ပစ်လိုက်တဲ့ သခင်လေးဘဲ သူက ဝမ်စစ်သူကြီးတဲ့လား)

ကျိရန်တစ်ယောက် အလွန်အံအားသင့်ရသလို မုန့်ယောင်မှာလည်း ဒူးပင်မခိုင်ချင်တော့ပေ။သူစွာခဲ့သောသူက အားလုံးကကြောက်ရသော ဝမ်ဧကရာဇ်၏ ဒုစစ်သူကြီးပင်။
ဝမ်စစ်သူကြီးနှစ်ယောက်မှာ ဝင်လာသော မင်းသားနှစ်ယောက်ထံမှ အကြည့်မလွဲချေ။

"အကိုတော်”

တိတ်ဆိတ်နေသော အခန်းတွင်း ဖြိုခွဲလိုက်သောအသံက ဟောက်ရွမ်းထံမှဖြစ်သည်။

"ပြောပါ မင်းသားနှစ်”

"အကိုတော် အရင်ကပြောဖူးတယ် အကယ်၍ ကျွန်တော်မျိုးတို့သဘောကျတဲ့သူရှိပါက သဘောတူပေးမယ်ဆိုတာ”

"သဘောကျသူတွေ့ပြီလား မင်းသားနှစ်”

"မှန်ပါအကိုတော်”

ရီရီနှင့်လုမေမှာရှက်ရွံစွာပြုံးနေကြသော်လည်း အတွင်းစိတ်မှာမူ ထိတ်လန့်နေကြသည်။ကော်လဟာလသတင်းများကြောင့် သူတို့ကြောက်နေမိသည်မှာအမှန်ပင်။သူတို့နည်းတူ မိဖုရားငယ်မှာလည်း စိုးရိမ်နေရသည်။

"ဘယ်သူများပါလိမ့် မင်းသားနှစ်ရဲ့ အာရုံကိုသိမ်းပိုက်နိုင်တာ ဘယ်မိန်းမပျိုပါလိမ့်”

"သူက ယောကျာ်းသားတသ်ယောက်ဖြစ်ကြောင်းပါ အကိုတော်”

ဒီတစ်ခါထိတ်လန့်သွားသူက ရှီးချန်ပင်။သူ့အလှလေးက အကိုတော်ဟောက်ရွမ်း ရန်ခုန်သူဖြစ်သွားမည်ကိုပင်။

"ဟုတ်လား ဘယ်လောက်တောင်အံ့သြစရာပါလိမ့် မိန်းကလေးတွေတောင် အရုံးပေးရလောက်အောင်ချောတဲ့ ယောကျာ်းလေးမို့လို့လား ဘယ်သူလဲ”

"မင်းသားလေး ကျိရန်ကိုပါ အကိုတော်”

"ဗျာ” ”ရှင်” "ဘယ်လို”

အသံမျိုးစုံ ရုတ်တရပ် တစ်ပြိုင်နက် ပေါ်ထွက်လာလေသည်။

"မဖြစ်နိုင်ပါဘူး ဝမ်စစ်သူကြီး ကျွန်တော်မျိုးတို့နှစ်ယောက်လုံးက ယောက်ျားလေးတွေပါ ပြန်လည်စဉ်းစားပါအုန်း”

"မလိုပါဘူး ကိုမင်းကို စတွေ့ထဲက ရင်ခုန်မိတာပါ”

"အကိုတော် ကျွန်တော်မျိုးရှီးချန်လည်း သဘောကျသူတွေ့ပါပြီ မင်းသားငယ် မုယောင်ပါ သဘောတူပေးပါ အကိုတော်နဲ့မင်းကြီး”

ဧကရာဇ်ရဲ့ဆံဖြူရှင် Where stories live. Discover now