ဧကရာဇ်ရဲ့ဆံဖြူရှင် အပိုင်း ၉

72 5 0
                                    

ဖီးနတ်တိုင်းပြည်အား နဂါးတိုင်ပြည်မှ သိမ်းပိုက်ရန် စစ်သည်အင်အားများဖြင့်ချီတတ်လာရာဝယ်။

"ရင်း ကိုခွင့်မပြုဘူး ရင်းဒီမှာဘဲနေခဲ့ပါ”

"အရှင် ရင်းသိပ်ချစ်ရတဲ့သူက ခုစစ်ချီထွက်မှာလေ ရသ်းဘယ်လိုစိတ်နဲ့နန်းတော်ထဲနေခဲ့ရမလဲ ရင်းပါလိုက်ခဲ့မယ် ပြီးတော့အရှင်စိတ်ပူနေတဲ့သူက ချယ်ရီမြိုင်ရဲ့အတော်ဆုံးတပည့်ဆိုတာမမေ့ပါနဲ့”

ဝေ့ရင်းပြောချင်ရာပြောပြီးထွက်လာခဲ့လိုက်လေသည်။သူဒီနေ့စိတ်တွေလေးနေမိသည်။တသ်သုံတသ်ခုကိုဆုံးရုံးရတော့မလိုပင်။

တိုက်ပွဲမှာအလွန်ပြင်းထန်လွန်းလှသည်။တိုက်ခိုက်နေရင်းပင် လန်ကျန့်နှင့်ဝေ့ရင်းတို့ လူကွဲသွားလေသည်။ပြန်နီးစပ်နိုင်ဖို့တိုက်ခိုက်ကြရင်း

"ရင်း”

"အကိုရင်း”

သူသတိလွတ်မိသွားသည်။သူ့အားဦးတည်လာသောမြားတစ်စင်း။အဖြူရောင်အရိပ်လေးပြိုလဲသွားရသည်။သူတစ်ခွန်းတည်းသာအော်လိုက်မိသည်။

"အားစစ်”

"အားစစ်”

လန်ကျန့်လည်း ဝေ့ရင်းနည်းတူဆိုလိုက်မိသည်။ဝေ့ရင်းအလွန်ဒေါသထွက်သွားရသည်။မြားတွင်ရှိနေသောအဆိပ်ကြောင့်ပင်။သူသတိလွတ်စွာစိတ်တိုမိခြင်းရဲ့အကျိုးဆက်ကတော့ သူသိပ်ချစ်ရပါသော လန်အရှင် သူ့အရှေ့မှာပင် သူ့ကိုကာကွယ်ရင်း သေရပြန်ပြီ။အားလုံးအရာအားလုံးကသူ့ကြောင့်ပင်။သူအရင်ထဲကလေ့ကျင့်ထားသော လျို့ဝှက်သိုင်း။ဤသိုင်းဖြင့်ပင်ထိုနဂါးဘုရင်အား သူအဆုံးသတ်ပေးနိုင်ခဲ့သည်။သူသိပ်ချစ်ရသော လူနှစ်ယောက်အတွက်လက်စားချေနိုင်ခဲ့လေပြီ။
ထို့နောက် သူသိပ်ချစ်သောသူနှစ်ယောက်ဘေးတွင်ထိုင်ကာ မည်သူမှမထင်မှတ်ထားသောအရာတစ်ခုကို သူလုပ်လိုက်ပေသည်။

ဝမ်းနင်ဆရာတို့အားခေါ်ပြီးရောက်လာချိန်တွင်အရာအားလုံးနောက်ကျခဲ့လေပြီ။ဝေ့ရင်း စစ်ကျွေးရဲ့အဆိပ်ဖြေပြီး လန်ကျန့်ကိုတော့မကယ်နိုင်တော့ပေ။လန်ကျန်အားပွေ့ဖက်ထားရင်း ခနကြာအနီရောင်အငွေ့များဖြင့်ပျောက်ကွယ်သွားလေသည်။ထို့နောက်ဝေ့ရင်းလည်းတင်းထားသမျှအားတွေကိုလျော့ချလိုက်လေသည်။သူနောက်ဆုံးသိလိုက်ရသည်က ဆရာသူ့အားဆွဲထိန်းလိုက်သည်ကိုပင်။

ဧကရာဇ်ရဲ့ဆံဖြူရှင် Where stories live. Discover now