ကျိရန်နှင့် မုယောင်တို့ ထွက်သွားတော့မည်ဖြစ်၍ နုတ်ဆက်ပွဲကျင်းပနေလေသည်။အားလုံးထဲတွင် တစ်စုံတစ်ခုအားရှာနေသော ဝမ်ဧကရာဇ်။အတန်ြကာ သူရှာနေသောသူမတွေ့၍ ထိုသူအားအနားထားဖို့ရန် အကြံထုတ်ရတော့သည်။
"မင်းကြီး ငါကိုယ်တော်အရင်ကကြားဖူးတယ် ဒီပြည်နယ်မှာ ထူးချွန်တဲ့သမားတော်ရှိတယ်ဆို”
"မှန်ပါ ဧကရာဇ် ရှိကြောင်းပါ”
ထိုအခါ မိဖုရားကြီးမှ မင်းသားကြီးအား ပထုတ်ရန် အကြံရသွားကာ
"ဟုတ်ပါတယ်ဧကရာဇ် မင်းသားကြီးက အားလုံးထဲအတော်ဆုံးဖြစ်ကြောင်းပါ”
မိဖုရားအကြောင်းကို ကျန်းချန်ပြောထား၍ သိထားသောကြောင့်
"ဟုတ်လား မိဖုရားကြီး”
"ငါကိုယ်တော်ရဲ့ ညီထွေးလေးက ရောဂါတစ်ခုကိုခံစားနေရတာကြောင့် သမားတော်ပင့်ချင်လို့ပါ”
(မင်းကြီး သားကျန့်လေးက ဒီမှာနေလာတာ ၂၅နှစ်ကျော်လာခဲ့ပြီ သူ့ကြမ္မာပြောင်းလဲရမဲ့အချိန် ဆရာကြီးပြောတဲ့အချိန်ရောက်လာတော့မယ်)
မင်းကြီး ကိုယ်လုပ်တော်စကားများကိုပြန်လည်ကြားယောင်မိပြီး"ဟုတ်ကဲ့ပါ မင်းသားကြီးကို သမားတော်အနေဖြင့် ခေါ်ဆောင်သွားလို့ရပါတယ်”
မိဖုရားကြီးနှင့် ကိုယ်လုပ်တော်တို့မှာ ပြုံး၍သာနေကြသညသို့သော်လည်း ပြုံးမိသော အကြောင်းပြချက်မတူပေ။
နောက်တစ်နေ့ ရှောင်မင်းသားငယ် မင်းသားလေးတို့နှင့်တကွ မင်းသားကြီးပါ ဝမ်နိုင်ငံသို့လိုက်လာခဲ့လေသည်။
ရောက်သောအခါ နားပြီးနောက် ဝမ်မင်းသားငယ်အား လာရောက်ကြည့်ရှု့သောအခါ ဝမ်ဧကရာဇ်ပါရှိနေလေသည်။ရှောင်ကျန့်စိတ်ထဲ၌ ညီတော်အားသိပ်ချစ်သော အကိုအဖြစ်သတ်မှတ်လိုက်လေသည်။ဝမ်မင်းသားငယ်မှာ ဧကရာဇ်နှင့် မတူဘဲ မိမိနှင့်တူသလိုပင်။"အကိုရင်း”
ဝမ်မင်းသားငယ်မှာ သူ့အားကြည့်ရင်း မျက်ရည်များ ဝဲတတ်လာကာ သူခေါ်လိုက်သောအမည်ကြောင့် နားထဲတွင် ထိုအသံများသာ ကြားရကာ လောကကြီးဖြင့် အဆက်သွယ်ပြတ်သွားလေသည်။
"မင်းသားကြီး…”
ဝမ်းနင်မှာ မင်းသားကြီးနောက် လိုက်လာရင်းလဲကျသွားသော မင်းသားကြီးအားတွေ့လိုက်ရ၍ အလွန်လန့်သွားလေသည်။သို့သော်လည်းသူ၏မင်းသားမှာ အောက်သို့မကျဘဲ တစ်စုံတစ်ယောက်၏ရင်ခွင်ထက်သို့ကျသွားလေသည်။
"အရှင်လန်”
အသံလာရာသို့ကြည့်မိရာ
"ဝမ်နင်”
"အကိုအားနင်”
"စစ်…”
မြူတွေပိတ်မဲနေပြီး လမ်မမြင် လူမမြင်ဖြင့် တော်ရုံလူဖြင့် လန့်သေလောက်သည်။လျောက်သွားရင်းပင် အရှေ့၌ လူများစုရုံးနေသည်ကို တွေ့လိုက်ရသည်။ပုံမှန်အားဖြင့် အများကိစ္စမစပ်စုတတ်သော ရှောင်းမင်းသားကြီးမှာ တစ်စုံတစ်ခု၏ ဆွဲဆောင်ခြင်းကို ခံရသကဲ့သို့ ထိုလူအုပ်အကြားတိုးဝင်မိလေသည်။ထိုလူအုပ်၏အလယ်တွင် တိုက်ခိုက်နေကြသော ခလေးနှစ်ယောက်။ထိုအထဲမှ တစ်ယောက်နိုင်သွားသောတစ်ယောက်မှာ ခုံပေါက်ကာပျော်မြူးနေလေသည်။
"အကိုဝေ့ အကိုဝေ့ တမင်အလျော့ပေးတာကြီး”
"ဟုတ်တယ် မတရားဘူး အကိုဝေ့အရှုံးပေးတာ”
အားပေးနေကြသော လူအုပ်ထဲမှ ခလေးတစ်စု၏ အော်ပြောသံကြောင့် သူအာရုံက ရှုံးသွားသောတစ်ယောက်ထံ ရောက်သွားလေသည်။ထိုခလေးက သူနဲ့ပင်တူသယောင်။
"အကိုဝေ့က ငါ့အချစ်ဆုံးမို့လို့လေ”
အနိုင်ရသော ခလေး၏ ပြောလိုက်သံ။
"အားစစ် အားစစ်ကို အကိုဝေ့အချစ်ဆုံးဘဲနော်”
ထိုခလေးမှာအပြုံးများတောက်ပလွန်းသည်။သူသတိရမိသည်က ဝမ်မင်းသားငယ်။ထို့နောက်တစ်နေရာသို့ သူရောက်ရှိသွားပြန်သည်။
YOU ARE READING
ဧကရာဇ်ရဲ့ဆံဖြူရှင်
Contoနှစ်ပေါင်းများစွာ ကြာလာသော်လည်း ချစ်ရသူအား ယနေ့ထိမနေ့နိုင်သော ဝမ်ဧကရာဇ်ဝမ်ရိပေါ်ခေါ် ဖီးနတ်တို့၏အရှင် လန်ကျန့် ချစ်ရသူအားကယ်တင်ဖို့ သေမင်းနှင့်စစ်ခင်းပြီးပြန်သတိရလာသော်လည်း ထိုချစ်ရသူအားမေ့သွားပြီး ဘဝသစ်မှာ အေးချမ်းစွာနေထိုင်နေသော ဆံဖြူရှင်မင်းသားကြ...