ဧကရာဇ်ရဲ့ဆံဖြူရှင် အပိုင်း ၄

109 10 0
                                    

ရှောင်ကျန့် အဖြစ်အပျက်အားမေးရန် ဥယျာဉ်တော်ထဲသို့ လာခဲ့လိုက်သည်။နားနေဆောင်တဲ၌ စိတ်ပျက်စွာထိုင်နေသော ရှောင်းမင်းသားနှစ်ပါး။

"အားရန် အားယောင် အဆင်ပြေလား”

သူ့စကားအဆုံး မေ့ာကြည့်လာသော ညီနှစ်ယောက်အား ကြည့်ကာ သူလည်းဝမ်းနည်းမိသည်။သို့သော်လည်း သူသာမက မည်သူမှ သူတို့နှစ်ဦးအား ကူညီနိုင်မည်မဟုတ်ပေ။

"မင်းသားကြီး မင်းသားကြီး”

ထိတ်ထိတ်ပြာပြာဖြင့် ပြေးလာသော ဝမ်းနင်။

"ဘာဖြစ်လာတာလဲ ဝမ်းနင် မင်းကို မယ်မယ့်ကိုစောင့်နေဖို့ ငါကိုယ်တော် မှာခဲ့တယ်လေ”

"………”

"ဘာ…”

ဝမ်းနင်နားနားကပ်ပြောလိုက်သော စကားကြောင့် သူအလွန်ထိတ်လန့်သွားရသည်။

"ညနေကျ မယ်မယ့်အဆောင်မှာ ငါ့ကိုလာတွေ့ကြ ခုတော့ ငါမအားသေးဘူး”

ထိုစကားတောင် ပြောရင်းပြေးထွက်သွားသော အကိုတော်အားကြည့်၍ အလွန်အံ့အားသင့်သွားရသည်။သူတို့သိသော သူတို့အကိုတော်မင်းသားကြီးမှာ အလွန်အိနြေ္ဒရှိသောကြောင့်ပင်။

"ဟင် ရင်း…”

ဝမ်ဧကရာဇ်တို့ လမ်းလျောက်လာရင်း တွေ့လိုက်ရသော အရိပ်လေး။

"ဘာဖြစ်တာလဲ အကိုတော်”

ဟောက်ရွမ်းအမေးကြောင့် လှည့်ကြည့်လိုက်ပြီး ပြန်ကြည့်စဉ် ထိုအရိပ်လေးမှာ မရှိတော့ချေ။သူလည်းအတွေးလွန်နေသည့်အထင်ဖြင့် ခေါင်းသာ ခါရမ်းမိတော့သည်။

"ဟိုမှာ မင်းတို့ရဲ့အသဲအသက်တွေ သွားလိုက်ကြ ငါဒီနားလမ်းလျောက်အုန်းမယ်”

"ဟုတ်ကဲ့အကိုတော် ”

(ရင်းရယ် ကိုယ်နေရာတိုင်းမှာ မင်းပုံရိပ်တွေဘဲမြင်နေရတယ် မင်းဘယ်မှာလဲ)

🌺🌺လက်ထပ်ပွဲနေ့🌺🌺

တစ်တိုင်းတစ်ပြည်လုံး အနီရောင်များဖြင့် ဖုံးလွမ်းသောနေ့ ရှောင်းမင်းသားလေးနှင့်ရှောင်မင်းသားငယ်တို့ ဝမ်စစ်သူကြီးနှစ်ယောက်နှင့် လက်ဆက်သောနေ့ပင်။အားလုံးပျော်ရွှင်နေသော်လည်း မပျော်ရွှင်နိုင်သူမှာ ရှောင်းမင်းကြီးပေ။မိမိသားနှစ်ယောက်အား တစ်ပါးသူလက်ထဲပေးရမည့်အပြင် ထိုသားနှစ်ယောက်၏ မိခင်ကိုမမြင်ရခြင်းကြောင့်ပင်။

ဧကရာဇ်ရဲ့ဆံဖြူရှင် Where stories live. Discover now