ဧကရာဇ်ရဲ့ဆံဖြူရှင် အပိုင်း ၆

98 7 0
                                    

ရှောင်ကျန့်တစ်ယောက်လန့်ကာ နောက်သို့ပြန်ဆုတ်မိသည်။သူမြင်မိသည်က သူနှင့်ဝမ်မင်းသားငယ်။

"အကိုဝေ့ အကိုဝေ့ သွားရအောင်ပါ ဆရာမဆူလောက်ပါဘူး နော် နော်လို့အကိုဝေ့”

"အားစစ် အာ့ဒါက တားမြစ်နယ်မြေဘဲ မသွားပါနဲ့အားစစ်ရယ်”

"မရဘူး မရဘူးဘဲ အကိုဝေ့မလိုက်ရင် ကိုယ့်ဘာကိုဘဲသွားမယ် ဟွန့်”

စိတ်ဆိုးစွာထွက်သွားသော တစ်ယောက်နောက်ပြေးကာ လိုက်ချော့ရသည်။

သွေးတွေနှင့်လူအများမြေပြင်ပေါ်၌လဲနေလေသည်။သူသိလိုက်ရသည်က ဤနေရာသည်စစ်မြေပြင်ပင်။

"အကိုဝေ့”

"ရင်း”

အသံလာရာသို့ လည့်ကြည့်မိသည်။ဝမ်ဧကရာဇ်နှင့်ဝမ်မင်းသားငယ်။တစ်ဆက်တည်းမြင်လိုက်ရသည်က ထိုလူနှစ်ယောက်စိတ်ပူနေသော လူတစ်ယောက်။အကိုဝေ့ဟူသောအသံကြားကတည်းက သူသိလိုက်ပါပြီ ထိုသူကသူနှင့်အလွန်တူသောတစ်ယောက်။ထိုသူထံသို့ဝင်ရောက်နေသော မြားတစ်စင်း။သို့သော်မြားကသူ့ထံမရောက်ခင် သူ့ရှေ့မှ လူတစ်ယောက်ထံ အရင်ဝင်ရောက်သွားလေသည်။

"အားစစ်…”

"အကိုအားနင် သူကတကယ်ဘဲ အကိုဝေ့လား”

"အားစစ် စိတ်အေးအေးထားပါ သူကတကယ်ဘဲ သခင်လေးဝေ့ပါ”

"ဘာတွေ ဘယ်လိုဖြစ်သွားတာလဲ ဝမ်းနင်”

"အရှင်လန် အာ့နေ့က အားစစ်ကိုလည်း သူကုသပေးခဲ့တယ် အရှင်လန်ရဲ့ ဝိညာဉ်ကိုပါ သူကာကွယ်ခဲ့တယ် သူ သူသတိမေ့သွားခဲ့တယ် နှစ်ပေါင်းများစွာကြာအောင် သူအိပ်ပျော်နေခဲ့တယ် သူသတိရလာတော့ သူဘာမှမမှတ်မိတော့ဘူး သူ့ကိုစောင့်ရှောက်ဖို့ ကျွန်တော်ရော မမအားချင်ပါ တာဝန်ပေးခံရတယ် အရှင်လန်ကို စောင့်ရင်းသခင်လေးကို စောင့်ရှောက်ဖို့”

"အားစစ်… အားစစ်…”

ရှောင်ကျန့်သတိရရချင်းပင် တမိသောအမည်ကြောင့် ကျန်လူများ ကြောင်အကုန်သည်။

"အားကျန့်ကော”

"ဖြေးဖြေးအော်ပါ အားယောင်ရယ် အားကျန့်ကောက အခုမှသတိရတာ”

ဧကရာဇ်ရဲ့ဆံဖြူရှင် Where stories live. Discover now