ဧကရာဇ်ရဲ့ဆံဖြူရှင် အပိုင်း ၁၀ သိမ်း

122 6 0
                                    

ရှောင်မိဖုရားတစ်ယောက် အခန်းထဲ၌ သောင်းကြမ်းနေလေသည်။ရှောင်းမင်းသားကြီးကပြန်လာလေပြီ။သူသားအိမ်ရှေ့စံအတွက် စိတ်ပူရပြန်ပြီလေ။မင်းကြီးကရှောင်းမင်းသားကြီးကို သိပ်ချစ်သည်လေ။အိမ်ရှေ့စံနေရာအတွက်စိုးရိမ်ရလေသည်။

ရှောင်မင်းကြီးနှင့်ကိုယ်လုပ်တော်တို့မှာသားတော်ရှောင်အားမျှော်နေမိသည်။မကြာသေးခင်ကမှ ဆရာကြီးကိုသွားတွေ့တုန်းကပြောခဲ့သည်လေ။သားတော်ကြမ္မာဆိုးကုန်ပြီတဲ့လေ။သားတော်ပျော်ရွှင်ရတော့မည်တဲ့လေ။သားတော်လေးကိုမွေးစားခဲ့တုန်းက သူတို့လည်းသားကြီးအားဆုံးရုံးထားရ၍ သူတို့ပျော်ခဲ့မိသည်။သားအရင်းမဟုတ်ပေမဲ့ သိပ်ချစ်ရသည်။ထိုသားလေးရဲ့ကြမ္မာက မည်သို့ပြောင်းလဲမည်ကို စိတ်ဝင်စားကြသည်။

"မင်းသားကြီးလာပါတယ်မင်းကြီး”

"ဝင်လာပါ”

ရှောင်ကျန့်အခန်းထဲသို့ရောက်စဉ် သူတစ်ယောက်ထဲမဟုတ်ဘဲ မင်းသမီးရီရီနဲ့ လုမေ အိမ်ရှေ့စံမင်းဟန် မိဖုရားနှစ်ပါး ကိုယ်လုပ်တော်ရန်တို့ပါရှိနေကြသည်။

"ခမည်းတော် သားတော်ကိုခေါ်တာအကြောင်းရှိလို့လား”

"မနက်ဖန် ဝမ်ဧကရာဇ်တို့လာလိမ့်မယ် မင်းရဲ့ညီတော်တို့လည်းပါလိမ့်မယ် တို့တွေအားလုံးစုပေါင်းပြီး ချယ်ရီတောင်ကိုသွားမလို့ အာ့ဒါအားလုံးကိုအသိပေးတာပါ”

"ဟုတ်ကဲ့”

"သားတော်ကျန့် သားတော်ရဲ့သတ်မှတ်ထားတဲ့အချိန်ပြည့်ပြီမို့ မျက်နှာဖုံးချွတ်လို့ရပြီမဟုတ်လား”

"ဟုတ်ပါတယ်ခမည်းတော်”

"အခုချွတ်လိုက်ပါလား သားတော့်မျက်နှာမြင်ချင်လှပြီကွဲ့”

ရှောင်ကျန့်ခေါင်းတစ်ချက်ငြိမ့်ပြီး မျက်နှာဖုံးအားချွတ်လိုက်လေသည်။အားလုံးအံ့သြောသွားရသည်။တည်ကြည်သည် ခန့်ညားသည် အလွန်လည်းလှပလွန်းသည် ဘယ်သူမှမယဉ်နိုင်သောအလှပေ။

မနက်မိုးသောက်အလင်းရောက်ချိန် နန်းညီလာခံ၌ အသံဆာဆာလေးပျံ့လွင့်လာသည်။ထိုသူကတော့ ရှောင်းမုယောင်။အားလုံးရဲ့အကြည့်ကတော့ ရှောင်းမင်းသားငယ်နှင့် စကားပြောနေသော ဝမ်မင်းသားငယ်ပေါ်တွင်သာ။ထပ်ပြီးထူးခြားသည်ကဝမ်ဧကရာဇ် ဝမ်ရိပေါ် ဝမ်စစ်သူကြီးများ ဝမ်ဟောက်ရွမ်း ဝမ်ရှီချန်း သုံးဦးလုံး မျက်နှာဖုံးမတပ်ထားပေ။
ရှောင်းမိဖုရားနှစ်ယောက်နောင်တရချေလေပြီ။သူတို့သမီးအား ထိုချောမောသောသူတို့နှင့် လက်ဆက်ရန်ငြင်းပယ်ခဲ့ခြင်း။

ဧကရာဇ်ရဲ့ဆံဖြူရှင် Where stories live. Discover now