ဝမ်နင်ရော ရှောင်ကျန့်ပါအလွန်စိုးရိမ်သွားရသည်။
"အကိုဝေ့”
"ရင်း”
"အားကျန့်ကော”
အားလုံးစိုးရိမ်နေသောသူမှာ ခနအတွင်းပြောင်းလဲသွားလေသည်။အကြောင်းမှာ ဝမ်မင်းသားငယ်စစ်ကျွေးအား ရှောင်မင်းသားကြီးရှောင်ကျန့်မှ ကယ်တင်လိုက်သောကြောင့်ပင်။
ထိုအခါဝိမ်ဧကရာဇ်ရိပေါ်၏စိတ်များမှာ အရိုင်းဆန်လာပြီး တိုက်ပွဲအားအမြန်အဆုံးသတ်လိုက်လေသည်။"ဒူးးး”
ချယ်ရီမြိုင်၏ ကျောင်းဆောင်အတွင်း၌ စည်သီးသံက မည်ဟီးလာသည်။ကျောင်းသားများအား ထရန်အချက်ပြခြင်ပေ။
"အားစစ္ထေတာ့”
"ဟင်းးး မနက်ရောက်သွားပြန်ပြီလား”
"ထတော့ အခုမထရင် ဆရာ့ကြိမ်လုံးက နိုးလိမ့်မယ်နော်”
"အား ထပြီ”
ချယ်ရီမြိုင်ဟူသောအမည်အတိုင်းပင် ခြံဝင်းအတွင်း၌ ချယ်ရီပန်းများ ရာသီမရွေးပွင့်ဖူးဝေဆာနေကြသည်။ထိုကျောင်းတော်အတွင်း၌ တပည့်ပေါင်းများစွာရှိသည့်အနက် တပည့်ကြီးဖြစ်သော ဝေ့ရင်းအား ဆရာပြီးရင် ရိုသေလေးစားကြရသည်။ထိုအထဲတွင် စစ်ကျွေးဟူသောကောင်လေးမှာမပါချေ။မလိမ်မာရိုင်းဆိုင်းနေခြင်းမဟုတ်ပါဘဲ ဝေ့ရင်းအပေါ်ချွဲကာ နွဲ့ဆိုးဆိုးနေခြင်းပင်။ဝေ့ရင်းထက်တစ်ဆင့်နိမ့်သော ဝမ်းနင်မှာလည်း စစ်ကျွေး၏ အဆိုးကို ဝေ့ရင်းနည်းတူခံစားနေရလေသည်။တစ်ခုရှိသည်က စစ်ကျွေးအား ဝေ့ရင်းရော ဝမ်းနင်ကပါ အလွန်ချစ်၍ အဆိုးမပြောပေ။
တစ်နေ့ ထို့နေ့က ဝေ့ရင်၏ကြမ္မာပြောင်းလဲခဲ့သောနေ့။
"လာပါ အကိုဝေ့ရယ် ဆရာမဆူပါဘူး”
"အားစစ် မသွားပါနဲ့ကွယ် ဒါကတားမြစ်နယ်မြေလေ”
ဘယ်လိုပင်တားနေပါစေအလိုလိုက်ခံစစ်ကျွေးလေးမှာ အထဲဝင်သွားသောကြောင့် သူပါလိုက်ဝင်ရမည်လေ။ဘာမှန်းမသိသော ထိုနေရာတွင် သူသိပ်ချစ်သောညီလေးအားမထားခဲ့နိုင်ပေ။
"အားရင်း ဒါကဘယ်လဲ ဒါတားမြစ်နယ်မြေလေ အပြစ်ပေးခံရမှာမကြောက်ဘူးလား”
"အားနင် အားစစ်ကအထဲမှာ”
"ဘာ… ”
ဝမ်နင်မှာကြားကြားချင်း ဝေ့ရင်းထက်ပင်မြန်နေသေးသည်။အထဲဝင်ပြီးသုံးယောက်သားတစ်နေရာစီရောက်သွားလေသည်။စစ်ကျွေး၏နောက်ကိုလိုက်ရင်းသူတို့ပင်လမ်းပျောက်လာသည်ကို သတိထားမိသည်။ဝေ့ရင်းရှေ့ရှိမြူများမှာ ပို၍သိပ်သည်းလာသည်။သူပို၍သတိချပ်ရတော့သည်။သူအတွင်းအားဖြင့်မြူများအားရှင်းလင်းလိုက်သောအခါ သူရုတ်တရပ်ခြေလမ်းများရပ်သွားတာ တစ်ချက်တုန်သွားသည်။ယောက်ျားလေးတစ်ယောက်ရေချိုးနေခြင်းပင်။
တားမြစ်နယ်မြေ။
တားမြစ်ထားခြင်းသည်အကြောင့်မဲ့တော့မဟုတ်ပေ။ထိုနေရာသည် ဖီးနတ်တို့အရှင် ဧကရာဇ်၏ နန်းဆောင်ရှိသောကြောင့်ပင်။ထိုဧကရာဇ်အား လူတိုင်းကချစ်ခင်ကြသလို အလွန်လည်းကြောက်ကြသည်။"မောင်မင်းက ဘယ်သူလဲ ငါကိုယ်တော်ရဲနန်းဆောင်အတွင်းကိုတောင်ရောက်လာရဲတယ် လုပ်ကြံသူလား ငါ့ရဲ့တိမ်မြူတွေတောင်ရှင်းနိုင်တယ်”
အမှန်တော့ သူ့ရဲ့တိမ်မြူတွေကိုရှင်းနိုင်သော အရှေ့ကမိန်းမလှလေးအား အလွန်အံ့သြမိသည်။သူ၏ တိမ်မြူကိုသူ့မိဘအရင်းတွေပင်မရှင်းနိုင်ချေ။
"တောင်းပန်ပါတယ် ကျွန်တော်ညီပျောက်သွားလို့ လိုက်ရှာရင်းလမ်းပျောက်သွားလို့ပါ ဒီကမိတ်ဆွေလမ်းသိရင်ပြောပြပေးပါလား”
ဧကရာဇ်ကိုပင်ပြန်မေးခွန်းထုတ်နေသော သူ့အားစူးစိုက်စွာကြည့်မိလိုက်သည်။
ထို့နောက်လမ်းအမှန်အားပြောပြလိုက်သည်။"ကျေးဇူးတင်ပါတယ်မိတ်ဆွေ တစ်နေ့အကြွေးပြန်ဆပ်ပါ့မယ်”
"ဘယ်လိုဆက်သွယ်ရမလဲ”
"ချယ်ရီမြိုင်က ဝေ့ရင်းပါ”
"လန်ကျန့်”
နုတ်ဆက်ပြီးနောက် ဝေ့ရင်းဆိုသောသူထွက်သွားလေသည်။လန်ကျန့်အလွန်အံသြရပြန်သည်။သူကလန်ကျန့်ပြောသည်ကိုပင် ထိုသူကမသိပေ။ထိုနယ်မြေကနာမယ်ကြီးသော ဖီးနတ်တို့၏ဧကရာဇ်ကို ဝေ့ရင်းဆိုသူကမသိလေခြင်း။
ဝေ့ရင်းအပြင်ပြန်ရောက်ချိန်တွင် စစ်ကျွေးနှင့်ဝမ်းနင်လည်းပြန်ရောက်နေလေပြီ။ထိုနေ့အဖို့ သုံးယောက်သား အပြစ်ကောင်းကောင်းခြင်းခံရလေသည်။
YOU ARE READING
ဧကရာဇ်ရဲ့ဆံဖြူရှင်
Short Storyနှစ်ပေါင်းများစွာ ကြာလာသော်လည်း ချစ်ရသူအား ယနေ့ထိမနေ့နိုင်သော ဝမ်ဧကရာဇ်ဝမ်ရိပေါ်ခေါ် ဖီးနတ်တို့၏အရှင် လန်ကျန့် ချစ်ရသူအားကယ်တင်ဖို့ သေမင်းနှင့်စစ်ခင်းပြီးပြန်သတိရလာသော်လည်း ထိုချစ်ရသူအားမေ့သွားပြီး ဘဝသစ်မှာ အေးချမ်းစွာနေထိုင်နေသော ဆံဖြူရှင်မင်းသားကြ...