EP-12[U&Z]

805 62 1
                                    

[Unicode]

Davisonမှ နောက်ဆုံးထုတ် အမျိုးအစားဖြစ်သည့် အနက်ရောင်ကားမှာ ရင်းနှီးပုံပေါ်သည့် ဝမ်စံအိမ်တော်အဝသို့ ချဉ်းကပ်လာသည်။ ကြီးမားလှသည့် ဗစ်တိုးရီးယားစံအိမ်တော်ရှေ့ မရပ်မှီတွင် ထင်းရှူးပင်တို့ စီတန်းနေသည့် လမ်းတစ်လျှောက် မောင်းလာရသေး၏။

ကားထဲမှ အိမ်တော်ထိန်းရှောင်မှာ အရှေ့ကားခန်းထဲမှ ထွက်လာပြီး လျိုကျင်းအတွက် တံခါးဖွင့်ပေးလိုက်သည်။

"သခင်လေးကျင်းကို ဝမ်စံအိမ်ကနေ ကြိုဆိုပါတယ်" အိမ်တော်ထိန်းထန်မှာ ဦးညွှတ်ပြီး ကောင်လေးကို နှုတ်ဆက်၏။

"ကောင်းသောနေ့ပါ အန်ကယ်ထန်" လျိုကျင်း သူ့အား လေးစားမှုအပြည့်ဖြင့် ပြန်နှုတ်ဆက်လိုက်သည်။ စာရွက်ပေါ်တွင်တော့ သူဟာ အိမ်တော်ထိန်းမျှ ဖြစ်ပေမယ့် ထန်ယွမ်က သာမန်မဟုတ်ဘူးဆိုတာ လူတိုင်းသိသည်။ တကယ့်တကယ်မှာ အလွန်ကြွယ်ဝသည့် မိသားစုမှ ပေါက်ဖွားလာတာ ဖြစ်ပြီး ကံမကောင်းစွာနှင့် တရားမဝင်သား ဖြစ်နေခဲ့သည်။ သူ့အကိုမှာ ကုမ္ပဏီကို အမွေဆက်ခံခဲ့ပြီး သူ့အတွက်တော့ ဘာမှမထားခဲ့။ မည်သို့ပင်ဖြစ်စေ ဝမ်ကျင်းမှာ သူ့အား ခေါ်ထားခဲ့ပြီး ယနေ့ကဲ့သို့ ဒေါ်လာသန်းနှင့်ချီသော ဝမ်အဖွဲ့အစည်းကြီးကို အတူတကွ တည်ထောင်ခဲ့ကြတာ ဖြစ်သည်။ သူ့အနေနဲ့ ယခုအချိန်ထိ ကုမ္ပဏီတွင် ဒုတိယ ရှယ်ယာအများဆုံး လူတစ်ယောက်အဖြစ် ရပ်တည်နေသည့်တိုင် ဝမ်ကျင်းရဲ့ သဘောထားကြီးမှုအပေါ် တာဝန်သိသည့်အလျောက် လူအိုကြီးအား သူ့တစ်ဘဝလုံး အလုပ်အကျွေးပြုခဲ့တာပင်။

အိမ်တော်ထိန်းထန် ခေါင်းညိတ်ပြီး အနည်းငယ် ပြုံးလိုက်သည်။ ကောင်ငယ်လေးနှင့် ပတ်သက်ပြီး သူ့တွင် အမြင်ကောင်း ရှိသွားလေပြီ။

"အထဲကို ပြပေးပါ့မယ်"

---

ဧည့်ခန်းထဲတွင် ခြေထောက်တို့လွှဲလျက် သိုင့်ယွီ ထိုင်နေလေသည်။ သူမက အဖြူရောင် နှင့် အနီရောင် ရောယှက်ထားသည့် ဝတ်စုံကို ဝတ်ဆင်ထားသည်။ အနီရောင်ဝတ်စုံရှိ သူမရဲ့ ရင်ဘတ်နေရာတွင်တော့ ချစ်စရာကောင်းသည့် ချယ်ရီသီးပုံလေးတွေဖြင့် တန်ဆာဆင်ထားပြီး သပ်ရပ်လှသည်။

Book-1ချစ်စကားတစ်ခွန်းနေ့တိုင်းဆို(Translation)Where stories live. Discover now