EP-52[U&Z]

273 19 2
                                    

[Unicode]

"ဒါဆိုလည်း ကောင်းပြီ။ သိုင့်ယွီက နတ်ဆိုးစုန်းမ လုပ်လို့ရတယ်" ထိုကောင်လေးမှာ ပြောမိသည့် စကားကြောင့်  နောင်တရသွားသည်။ တကယ်လို့ သိုင့်ယွီသာဆိုရင် နတ်ဆိုးစုန်းမတောင် လှမယ်လို့ သူ ယုံကြည်တယ်။

"ဟုတ်တယ်! သိုင့်ယွီက လှပတဲ့နတ်ဆိုးစုန်းမတစ်ယောက် ဖြစ်နိုင်တယ်!" သူမ သူငယ်ချင်းမှာ အားပေး၏။

"သိုင့်ယွီက အရမ်းမိုက်တော့မှာ!"

ရှော့ရစွာပဲ ကျန်းကျန်းမှာ မပျော်မရွှင် ဖြစ်လာ၏။

"ငါ့ စိတ်ပြောင်းသွားပြီ! နတ်ဆိုးစုန်းမ ငါ လုပ်မယ်!" သူမ ကြွေးကြော်လိုက်သည်။

"ဘာ?! စနှိုးဝှိုက်လုပ်ချင်တယ်လို့ နင်ပြောခဲ့တာ မဟုတ်ဘူးလား?" သိုင့်ယွီဘက်မြှဖစ်သည့် ကျိုးရန်မှာ ချေပလိုက်သည်။

"သိုင့်ယွီ လိုချင်တဲ့ဘာမဆို ယူဖို့ကြိုးစားနေတာ ရပ်လိုက်တော့!" သိုင့်ယွီ၏ အရင်းနှီးဆုံး သူငယ်ချင်း ဖုချွင်းဟွာမှာလည်း သူမအား အပြစ်ပြောလိုက်၏။

"ဘ-ဘာပြောတာလဲ?! သူမ မကောင်းတဲ့ ဇာတ်ကောင်ရမှာကို ကူညီပေးတဲ့အနေနဲ့ ငါက ယူပေးရုံပဲ!" ကျန်းကျန်းမှာ သူမကိုယ်သူမ ကာကွယ်လိုက်သည်။

"ရတယ် နင် ယူလိုက်လို့ရတယ်" သိုင့်ယွီမှာ ထိုဇာတ်ကောင်အား အလွယ်တကူပင် ပေးလိုက်သည်။

"ဟ-ဟမျ?"

"သိုင့်ယွီ လူပုလေး လုပ်လို့ရတယ်!!!" သူမ မျက်လုံးတွေမှာ ဒေါ်လာသင်္ကေတပုံစံ ပြောင်းလဲသွားသည်။

နောက်ဆုံးမှာတော့ ဆရာမမှာ သိုင့်ယွီအား လူပုလေး ဇာတ်ကောင်လေး မယူဖို့ရာ အလွန်ကြိုးစား စည်းရုံးလိုက်ရတော့၏။ ဆရာမသည် သူမရဲ့ အဖိုးဖြစ်သူ ၀မ်ကျင်းမှာ ထိုဇာတ်ကောင်နှင့် ပတ်သက်ပြီး စိတ်မကျေမနပ်ဖြစ်မှာ စိုးရိမ်လေသည်။

"ဒါပေမယ့် လူပုလေးတွေက တော်ဝင်မျိုးနွယ်တွေ မဟုတ်ဘူးလေ။ ဘုရင်မ မဖြစ်ချင်ဘူးလား?"

"အလုပ်ကြိုးစားလုပ်တဲ့ အတန်းကို ခွဲခြား မဆက်ဆံပါနဲ့ ဆရာမဖုန်း!" သူမ တုံ့ပြန်လိုက်သည်။ "အလုပ်လုပ်တဲ့ လူတွေက နိုင်ငံရဲ့ အသက်သွေးကြောပဲ!" သူမ တဖန် ပြောလိုက်သည်။

Book-1ချစ်စကားတစ်ခွန်းနေ့တိုင်းဆို(Translation)Donde viven las historias. Descúbrelo ahora