EP-57[U&Z]

202 16 2
                                    

[Unicode]ဆိုင်ကိုရောက်သည်နှင့် သိုင့်ယွီ၏ မျက်လုံးတွေမှာ စိတ်လှုပ်ရှားမှုများနဲ့ ပြူးကျယ်သွားသည်။ သူမ ဝယ်ချင်တဲ့အရာတွေ အများကြီးရှိ‌နေ၏။

ကျီဟောက် ရယ်မောလိုက်သည်။

'ဟ သူမ ပျော်တဲ့အခါ ချစ်စရာကောင်းလိုက်တာ' သူမ ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။

"သွားပြီးတော့ လိုချင်တာကို ရွေးလိုက် ရှောင်ယွီ နင့်ရဲ့ကိုကိုကျီဟောက်က နင့်အတွက် ဝယ်ပေးမယ်"

"တကယ်လား?!" သူမ၏မျက်လုံးများသည် ဒေါ်လာ သင်္ကေတများအဖြစ်သို့ ပြောင်းလဲသွားသည်။

"ဒါပေါ့! နင့်ရဲ့ကိုကိုကျင်းလည်း ချမ်းသာတယ်ဆိုတာ နင် သိပါတယ်" သူ ပြုံးလိုက်သည်။

သိုင့်ယွီမှာ သူမ ပါးစပ်ကို လက်လေးများဖြင့် အုပ်မိသွားသည်။

"ကိုကိုကျီဟောက်က အရမ်းမိုက်တာပဲ!"

"ဟား! အကို့ကို ပိုမြှောက်‌ပင့်ရင် နင့်ကို ပစ္စည်းတွေ ပိုတောင်၀ယ်ပေးနိုင်တယ်!"

"ကိုကိုကျီဟောက်က အကောင်းဆုံးပဲ!"

အဆုံးတွင် သိုင့်ယွီသည် သူမကိုယ်တိုင်အတွက် အပ်ချုပ်ကိရိယာကို ရွေးချယ်ခဲ့ပြီး ကျီဟောက်က ထိုအရာအတွက် ပေး‌ချေခဲ့သည်။ သူမ လုပ်လိုသည့် အရာအတွက် သုံးနိုင်ရန် အထည်လိပ်အနည်းငယ်ကိုလည်း သူမအတွက် သူ ‌၀ယ်ပေးခဲ့သည်။ ထို့နောက်မှာတော့ အိမ်ပြန်ခဲ့ကြ၏။

နောက်ရက်အနည်းငယ်အကြာ သိုင့်ယွီမှာ  ကိုကိုကျင်းကို တတ်နိုင်သလောက် ရှောင်ခဲ့သည်။ သူနဲ့အတူ အိမ်ပြန်လာမယ်၊ အတူတူ စာသင်မယ်၊ သူ့ကို တင်းတင်းကြပ်ကြပ် ဖက်ထားမယ် ထို့နောက်မှာတော့ သူမရဲ့ အခန်းထဲကို ပြေးသွားတော့၏။

လျိုကျင်းကလည်း သူမ ဘာဖြစ်နေသည်ကို မသိပေမယ့်လည်း သူ့မွေးနေ့အတွက် ဖြစ်နိုင်သည်ဆိုတာကိုတော့ သူ ခန့်မှန်းနိုင်သည်။ ထို့ကြောင့်ပဲ သူမနောက်ကို လိုက်သွားမည့်အစား သူမအား စိတ်ရှည်စွာသာ စောင့်ဆိုင်းနေခဲ့သည်။

ထိုအချိန် သိုင့်ယွီမှာ သူမရဲ့ လက်ရာကို ပြီးမြောက်အောင် ကြိုးစား‌နေသည်။  သူမရဲ့ ခပ်ပြည့်ပြည့် လက်ချောင်းတွေကြောင့် အပ်ချည်ကြိုးကို ချည်ဖို့ရာ ခက်ခဲနေတာကြောင့် ရှောင်နွမ်မှာ သူမနှင့် တစ်ချိန်လုံး အတူနေပြီး အပ်ချုပ်နည်းကို သင်ပေးကာ အကြံဉာဏ်တွေပေး၏။

Book-1ချစ်စကားတစ်ခွန်းနေ့တိုင်းဆို(Translation)Where stories live. Discover now