EP-30[U&Z]

581 56 1
                                    

[Unicode]

လျိုကျင်းသည် သိုင့်ယွီကို စင်မြင့်အလယ်သို့ ပြန်ပို့ပေးပြီး လက်ဆောင်များကို ပြန်လည်လက်ခံခဲ့သည်။ ဤအတောအတွင်း ကျီဟောက်သည်  သိုင့်ယွီအား pornဟု ခေါ်တာရပ်စေရန် ရှင်းပြချက်ကောင်း တစ်ခုရအောင် popcornကိုလိုက်ရှာနေ၏။

လက်တိုလက်တောင်းလုပ်နေသည့် သူ့လမ်းတွင် အဝါရောင် ဂါဝန် ၀တ်ထားတဲ့ မိန်းကလေး ငယ်လေးကို တွေ့လိုက်ရသည်။ လက်တစ်ဖက်က စာအုပ်တစ်အုပ်ကိုကိုင်ထားပြီး အခြားတစ်ဖက်မှာ နှင်းဆီနီတစ်ပွင့် ကိုင်ထားသည်။ သူမက  Beauty and the Beast မှ Belle အဖြစ် ၀တ်ဆင်ထား၏။

"ရှောင်ယွဲ့"

ကောင်မလေးမှာ ခေါင်းကိုလှည့်ကာ မျက်နှာမူလာသည်။ သတိမထားမိဘဲ သူမကို လှမ်းအော်လိုက်မိတာ ဖြစ်သည်။ သူ့လုပ်ရပ်ကြောင့် ကိုယ်တိုင် အံ့သြသွားရင်းပဲ ဘာမှမဖြစ်သလို ဟန်ဆောင်ကာ အဝေးသို့သာ လျှောက်သွားလ်ိုက်သည်။

တုံ့ပြန်မှုတွေကို အဝေးမှ မြင်နေရသည့် လျိုကျင်းမှာ မျက်မှောင်ကြုတ်မ်ိသွားသည်။ ထိုခွေးကောင်မှာ သူ့ပတ်ဝန်းကျင်တွင် အမြဲရဲရင့်နေသော်လည်း သူမကိုမြင်လိုက်သည့်အချိန်တွင်တော့ နူးညံ့သိမ်မွေ့သော သိုးတစ်ကောင်အဖြစ်သို့ ပြောင်းလဲသွားတတ်သည်။ ဒီကောင်က တကယ့်ကို အပြောပဲ။

---

"ရှောင်ယွီ"

သိုင့်ယွီက ခေါင်းကို လှည့်ကြည့်လိုက်တော့ အဖိုးဖြစ်သူက သူမကို ခေါ်နေတာကို တွေ့လိုက်ရသည်။သူ့ လက်ကို သူမ လှမ်းကိုင်လိုက်သလို လျိုကျင်းကလည်း  သူမနောက်မှ အနီးကပ်လိုက်လာသည်။

"ရှောင်ယွီ ဒါက မင်းဦးလေး လော်ဝမ်ကျိုး နဲ့ ဒါက မင်းရဲ့ဝမ်းကွဲ လော်ယွင်းရှီ  သွားပြီးတော့ နှုတ်ဆက်လိုက်ပါဦး"

"မင်္ဂလာပါ ဦးလေး။ မင်္ဂလာပါ ဝမ်းကွဲ!” သူမ ပြုံးလိုက်သည့်အခါ သူမရဲ့ ပါးဖောင်းဖောင်းလေးမှာ ပေါ်ထွက်လာသည်။

၀မ်ကျိုးမှာ သူမ မျက်နှာကို ကောင်းကောင်းကြည့်ဖို့ရာ ငုံ့ကြည့်လိုက်သည်။

"သူမက မေ့မေ့ နဲ့တူတယ်။" သူ ခါးသက်စွာ ပြုံးလိုက်သည်။

"ယွင်းရှီ ဒီကိုလာ" မတ်တပ်ရပ်လိုက်ပြီး  သားဖြစ်သူကိုခေါ်လိုက်သည်။

Book-1ချစ်စကားတစ်ခွန်းနေ့တိုင်းဆို(Translation)Where stories live. Discover now