EP-13[U&Z]

782 69 4
                                    

[Unicode]

နောက်တစ်နေ့ နံနက် ခုနစ်နာရီခွဲတွင် လျိုကျင်း နိုးလာခဲ့သည်။ မနက်စာ စားဖို့ မဆင်းခင် လန်းဆန်းတက်ကြွနေလျက်။

မနက်စာစားခန်းသည် အပြင်ဘက် ပန်းဥယျာဉ်၏ ဖွင့်လှပ်ထားသောရှုခင်းနှင့်အတူ ဖန်အမိုးခုံးအတွင်း၌ ရှိသည်။ အခန်းသည် စံအိမ်၏ အနောက်ဘက်ခြမ်းတွင် တည်ရှိပြီး နေ့ခင်းဘက်နေရောင် တိုက်ရိုက်ထိတွေ့မှု ရှိသည်။

"Good morning အဖိုးဝမ်" သူ နှုတ်ဆက်သည်။

"အင်း" ဝမ်ကျင်းခေါင်းညိတ်ပြီးနောက်  အာရုဏ်ဦးသတင်းစာကို ဆက်၍ဖတ်နေလိုက်သည်။

လျိုကျင်းကတော့ ထိုင်လိုက်ကာ မနက်စာစားဖို့အတွက် ပြင်ဆင်နေလိုက်သည်။

"Gooooooood morning အာ..ဖိုး" သိုင့်ယွီတံခါးကနေ လှိုက်လှိုက်လှဲလှဲ နှုတ်ဆက်လိုက်၏။ ဒီနေ့တွင်တော့ သူမက အပြာရင့်ရောင် စကပ်နှင့်တွဲဖက်ထားသော အဖြူရောင် အင်္ကျီကို ဝတ်ထားသည်။ သူမ၏ဆံပင်ကို ကျစ်ဆံမြီးနှစ်ဖက် စည်းနှောင်ထားပြီး ဒူးထိမြင့်သော ခြေအိတ်နှင့် အရုပ်မဖိနပ်များကို ဝတ်ဆင်ထားသည်။

ဝမ်ကျင်းက အားတက်သရော နှုတ်ဆက်ရင်း တခစ်ခစ်ရယ်သည်။

"Good morning ရှောင်ယွီ။မနက်စာ လာစားပါအုံး"သူ သူမကို လက်ယက်ခေါ်လိုက်သည်။

ဒီနေ့တော့ အနောက်တိုင်း မနက်စာ အမြောက်အမြားကို စားဖြစ်ကြသည်။ ကြက်ဥနှင့် ဘေကွန်၊ ဒိန်ခဲနှင့် ကင်ထားသော အသီးအနှံများပါသော ပန်ကိတ်များကို သကာရည်နှင့် ခရင်မ်များဖြင့် ဖြန်းထားသည်။ ဒါ့အပြင် ကော်ဖီ၊ ချောကလက်ပူပူ၊ ဖျော်ရည်၊ နို့နှင့် အရသာအမျိုးမျိုးရှိသော သေတ္တာများလည်း ရှိသေးသည်။

လျိုကျင်းကတော့ စိတ်ပါလက်ပါ စားနေသည့် သိုင့်ယွီကို ကြည့်နေမိသည်။

'ချစ်စရာလေး' သူ ပြုံးမိသွားသည်။

သူမအား စိုက်ကြည့်နေသည်ကို သတိထားမိတဲ့ သိုင့်ယွီမှာတော့ ရှက်သွေးဖြာသွား၏။

"ကိုကိုကျင်း ကိုကိုအများကြီးစားသင့်တယ်နော်။ဖိုးဖိုးကပြောတယ် ကလေးတွေက အရပ်ပိုရှည်အောင် များများစားရတယ်တဲ့"

Book-1ချစ်စကားတစ်ခွန်းနေ့တိုင်းဆို(Translation)Where stories live. Discover now