Fallen[I](Unicode)

181 8 0
                                    

ခပ်ဖြေးဖြေးတိုက်ခတ်သွားတဲ့ လေနုနုကြောင့် ရှေ့ဘက်က တည်ငြိမ်လို့နေတဲ့ ကန်ရေပြင်ဟာ လှိုင်းကြပ်ခွပ်ပြေးတယ်။ တရိပ်ရိပ်ရှပ်တိုက်ပြေးလွှားနေတဲ့ လှိုင်းငယ်ခပ်သေးသေးသဏ္ဍာန်တွေက ပုစွန်ဆီရောင်နေလုံးနီနီနဲ့ပနံတင့်စွာပါပဲ....နီဆွေးဆွေးအရောင်သန်းရင်း ပျော်ပြူ းခုန်ပေါက်ကခုန်လို့....

"ဟေး...မပြန်သေးဘူးလား..."

"အင်း...ဒါလေးပြီးအောင်အဆုံးသတ်လိုက်အုံးမယ်။ ပြီးရင်ပြန်တော့မှာ..."

လက်ထဲကစုတ်တံကို ကင်းဗတ်စပေါ်က ခပ်ဖြေးဖြေးခွာလိုက်ရင်း အမေးပြုလာတဲ့လူတစ်စုပြန်ဖြေလိုက်တဲ့အခါ 'နေဝင်တော့မယ်။ မြန်မြန်လုပ်။ ငါတို့တော့သွားပြီ။ တာ့တာ...' ဆိုတဲ့အမျိုးမျိုးသောစကားစုတွေနဲ့အတူ ပြုံးပြလို့နှုတ်ဆက်ရင်းထွက်ခွာသွားတာကို တွေ့ရတယ်။

"အင်း....ကောင်းကောင်းပြန်ကြပါ...."

ခပ်ပြုံးပြုံးလေးသာပြန်လို့နှုတ်ဆက်လိုက်ရင်း ဆွဲလိုက်စ စုတ်တံကိုသာပြန်ကိုင်လိုက်ရင်း မပြီးပြတ်သေးတဲ့ပန်းချီကားကိုအဆုံးသတ်ဖို့ပြင်လိုက်တယ်။ မကြာသေးခင်အချိန်က ခေတ္တမျှဆူညံသွားခဲ့တဲ့ ကန်ဘောင်လေးက ယခုတော့သူမဟုတ်သလိုပင်...ငြိမ်သက်မှု့ကိုဖော်ကျူ းရင်း တိတ်ဆိတ်လို့.....

"ပြီးပြီ..."

ဆေးစက်အစုအဖွဲ့တို့နဲ့ပုံဖော်ထားခြင်းခံရတဲ့ ကင်းဗတ် စ က ယခုတော့ဖြင့် မူလအဖြူ ရောင်ပျောက်ကာ အရောင်စုံတို့ဖြင့်ဖုံးလွှမ်းလျက်...ငွေရောင်မျက်မှန်ဂိုင်းကိုအသာယာပင့်မရင်း စိတ်တိုင်းကျစွာ မျက်စိရှေ့ကပန်းချီကိုအထပ်ထပ်အခါခါကြည့်ကာ ပြုံးလိုက်မိတယ်။ အဖြူ ရောင်ဟာ သိပ်ဖြူ စင်လို့လှပေမယ့်တစ်ခါတစ်ရံဆေးသားတွေနဲ့လည်း ပနံတင့်နေတာပဲမလား...

'ဖြုတ်....ဖြုတ်...'

လေဟုန်စီးရင်းဝေ့၀ဲလို့ကျလာတဲ့ သစ်ရွက်အိုဟောင်းတွေက ဆေးသားဝါဝါတွေ ခြယ်သထားသလို လမ်းမထက်အပြည့်အလှဆင်ထားသလိုရှိနေတယ်။ သိမ်းဆည်းထုပ်ပိုးလာတဲ့ပန်းချီပစ္စည်းတွေကို စက်ဘီးထက်အသာအယာနေရာချလိုက်ရင်း ခပ်ပြာပြာစက်ဘီးလေးက အဝါရောင်လမ်းမထက် ခပ်ဖြေးဖြေးရွေ့တယ်။ ခပ်နှေးနှေးလေတိုက်နှုန်းထဲ လွင့်နေတဲ့တိမ်စိုင်ပြာလေးလို လှုပ်လီလှုပ်လဲ့နဲ့ပေါ့....

FallenWhere stories live. Discover now