Fallen[II](Unicode)

69 7 0
                                    

ပန်းပင်သေးသေးလေးတွေနဲ့ အလှဆင်လို့ထားတဲ့ နှစ်ထပ်တိုက်ပုလေးက သေးနုပ်နေပေမယ့် ကဗျာဆန်စွာပဲ ချစ်စရာကောင်းတယ်။ ခပ်ဖြူ ဖြူ သံပန်းတံခါးထက် အစိမ်းရောင်နွယ်ခွေအချို့ကအလှဆင်ထားသလို ဟိုတစ်စသည်တစ်စတွယ်နှောင်ရစ်ပတ်ရင်း ပန်းပွင့်ခပ်သေးသေးတို့က နွယ်ပင်ထက်ပုံဖော်လို့ထားသလိုပေါက်ရောက်နေပြန်တာမို့ ခြောက်ခြားစဖွယ်ဟုတ်မနေပဲအနုပညာလက်ရာတစ်ခုလို သေသေသပ်သပ်.....

'ကျွီ...'

ကြပ်တောက်လို့မနေပေမယ့်အတန်အသင့်မချောင်ချိလှတဲ့သံပန်းတံခါးဖြူ ဖြူ လက်တစ်စုံရဲ့တွန်းတိုက်မှု့နောက်မှပွင့်ဟလှစ်လပ်ခြင်းဖြစ်ပေါ်တယ်။ စူးကားကား kiss me quick တွေနဲ့ ခပ်ရဲရဲဆူးအပြည့်ခြံရံလို့ထားတဲ့နှင်းဆီနီတွေက ခြံပိုင်ရှင်လေးရဲ့စိတ်ဓာတ်နဲ့ကွဲပြားစွာပါပဲ။ ရဲရဲဆွေးကာတောက်ပခြင်းနဲ့ ဆတ်ဆတ်ထိမခံစွာကာကွယ်နိုင်ခြင်းတို့ကိုဖော်ကျူ းလို့ပြသရင်း သင်းပျံ့ပျံ့မွှေးရနံ့နဲ့ ဆွဲဆောင်ညှို့ယူလို့နေလေရဲ့...

'ညောင်...ညောင်...'

တိုက်ပုလေးရဲ့တံခါးအဖွင့် ခပ်ပွပွအမွှေးဖြူ ဖြူ လုံးလေးက အိမ်ထဲကပြေးထွက်လာရင်း ခြေရင်းဆီခေါင်းတိုးဝှေ့လို့ပွတ်သပ်ကလူခြင်းအမှု့ကိုပြုတဲ့အခါ ငုတ်တုတ်ထိုင်ချလို့ လက်ဖဝါးပြင်ခပ်သေးသေးနဲ့ခေါင်းလုံးလုံးလေးကို သူမ ပြန်လို့ပွတ်သပ်ပေးလိုက်တယ်။

"လာ လာ သမီးလေးလာ။ မေမေအစာကျွေးမယ်နော်..."

အခန်းထောင့် စင်ထက်က ကြောင်စာဘူးကိုယူရင်း နံရံနားကပ်လို့ထားတဲ့ကြောင်စာခွက်ဆီထည့်ကြောင်စာအချို့ထည့်ပေးလိုက်တဲ့အခါ အမွှေးလုံးဖြူ ဖြူ ဖွေးက အစာခွက်ထဲခေါင်းစိုက်လုလုပျော်ရွှင်စွာစားသောက်လေတယ်။ အင်း...သူမလည်းဆာလောက်ရောပေါ့လေ...

မထူမပါးဝတ်လို့ထားတဲ့ဆွယ်တာပန်းရောင်လေးကို ချွတ်လို့ အခန်းထောင့်ဘက်က အဝတ်ချိတ်မှာချိတ်လိုက်ရင်း မှန်တင်ခုံရှေ့ထိုင်လိုက်တဲ့အခါ ခပ်ထူထူမျက်မှန်နောက်က မျက်ဝန်းဆံနက်နက်တွေက ထင်ထင်ရှားရှား...မျက်မှန်ကို အသာယာချွတ်လိုက်ရင်း မှန်တင်ခုံထက်တင်လိုက်ရင်း မျက်လုံးထဲက မျက်ကပ်မှန်ကိုထုတ်ဖယ်လိုက်တယ်။ စပ်ဖျဉ်းမှု့ကြောင့်ဖိပိတ်လိုက်မိတဲ့ မျက်ဝန်းတွေနောက် ပါးပြင်ထက်ကပူနွေးစွတ်စိုမှု့က အထင်အရှား.....

FallenWhere stories live. Discover now