Fallen[VII](Unicode)

40 7 0
                                    

မသေမသပ်စွာဖြာကျလို့လာတဲ့ အနည်းအကျဉ်းသောနေရောင်အောက် လှုပ်လီလှုပ်လဲ့လာတဲ့ နောက်မိုးဖွင့်ကုန်တင်ကားကြီးက တကျွီကျွီအသံပြုရင်း လမ်းမထက်တရွေ့ရွေ့မောင်းနှင်တယ်။ ကတ္တရာလမ်းမ မဟုတ်ပဲ မြေနီလမ်းသာဆိုရင်သေချာပေါက် ဖုန်အလိမ်းလိမ်းဖြစ်မှာကျိန်းသေပါပဲ။

"ဟိတ်...ကိုစစ်..."

ပုခုံးတစ်ဖက်ထက်မှီတင်လို့နေတဲ့ ခေါင်းထက်က ဆံသားတို့ကိုမသိမသာထိကိုင်ရင်း ခပ်ဖွဖွပွတ်သပ်လို့ နှိုးမိတယ်။ အအိပ်မက်ဟန်တူတဲ့ကောင်ငယ်လေးကတော့ အင်း အဲ လုပ်ရင်း အိပ်ကောင်းနေဆဲ။

"ဟိတ်...ထတော့။ အခုမှမထရင် နောက်ထပ်တညအိပ်ပြီးမှအိမ်ပြန်ရလိမ့်မယ်..."

ပါးတစ်ဖက်ကိုအသာအယာထိခတ်လို့နှိုးမိတဲ့စကားက ထိရောက်ဟန်ပါပဲ။ ပြူ းပြူ းပြာပြာပွင့်ဟလာတဲ့ မျက်ဝန်းတွေကသက်သေဖြစ်တယ်။

"ဟမ်..."

"ဟိုမှာကားလာနေပြီ..."

လက်ညှိုးညွှန်ပြမိတော့ လမ်းမထက်မှာထီးထီးရှိတဲ့ကုန်တင်ကားက လှုပ်မှလှုပ်ရဲ့လားမသိသောနှုန်းနဲ့တရွေ့ရွေ့မောင်းနှင်နေဆဲ...

"အဲ့ဒါပြန်မှာလို့တော့မပြောနဲ့နော်..."

အတည်ပြုလိုဟန်ရှိတဲ့ကောင်ငယ်လေးရဲ့မျက်လုံးတွေက အိပ်ရေးမဝမှု့ကြောင့်ရဲစက်စက်နိုင်ပေမယ့် ခပ်မို့မို့မျက်ခွံလေးတွေက ဖိကပ်နမ်းရှိုက်ပစ်လိုက်ချင်စဖွယ်မြတ်နိုးရာဖြစ်နေဆဲပါပဲ။  ပုခုံးကိုတွန့်ပြရင်းသာ ဘယ်လိုထင်လဲဆိုတဲ့သဘောမျိုးနဲ့မေးဆတ်ပြလိုက်တယ်။ ရှုံ့မဲ့မဲ့ဖြစ်လို့သွားတဲ့ မျက်နှာလေးက စိတ်ပျက်သွားဟန်အတိုင်းသား....

တရွေ့ရွေ့နီးလာတဲ့ကားကိုလက်ပြလို့တားမိတော့ သဘောကောင်းဟန်တူတဲ့ကားပိုင်ရှင်ဦးလေးကြီးက နောက်ဘက်ခန်းဆီထိုင်လို့ရကြောင်းပြောရင်း အဆင်ပြေနိုင်တဲ့နေရာရောက်သည်အထိပြန်ပို့ပေးမည်ဖြစ်ကြောင်းပြောတဲ့အခါ နောက်ဘက်အခန်းက ကုန်ပစ္စည်းထားဖို့နေရာက သူမတို့အိမ်ပြန်လမ်းရဲ့ကူးတို့ဆိပ်လေးဖြစ်လာတယ်။ တရွေ့ရွေ့သွားနေတဲ့ကားလေးက လမ်းမကျယ်ကြီးထက်တအိအိ ရွေ့လျားတယ်။ ရွှေအိုရောင်တဖြည်းဖြည်းဖြာကျလာတဲ့ နေရောင်ခြည်က ဘေးဘက်က စိုက်ခင်းတွေဆီ အလင်းပေးတဲ့အခါ သိပ်လှတဲ့ပန်းချီကားတစ်ချပ်အဖြစ်စတင်လို့ အသက်ဝင်တယ်။ ခပ်ပြင်းပြင်းတိုက်ခတ်နေတဲ့လေတွေဟာ မျက်နှာထက်ရိုက်ခတ်တဲ့အခါ စပ်ဖျဉ်းဖျဉ်းအရသာနဲ့အတူ လတ်ဆတ်မှု့တို့က အတိုင်းအဆမရှိစွာ...

FallenWhere stories live. Discover now