CHAPTER 6
ဂျပန်သွားမဲ့မနက်ရောက်တော့ ကျွန်တော်တို့လှေဆိပ်ဆင်းခဲ့ကြတယ် ... သွားတောင်မသွားရသေးဘူး …. လှေ
ကိုကြည့်ပြီး ကျွန်တော် အန်ချင်နေပြီ ….. Yi Fan ကတော့ တည်တည်ငြိမ်ငြိမ်နဲ့ပဲ လှေပေါ်တက်သွားတယ် …..
မတည်ငြိမ်နိုင်တာက ကျွန်တော် ….. Chanyeol ကတော့ သူ့မိန်းမနဲ့သားလေးကို နှုတ်ဆက်နေတယ် …… သူ့
သားလေးက တော်တော်ချစ်ဖို့ကောင်းတာပဲ …. မျက်နှာတစ်ခုလုံးမှာ အထူးခြားဆုံးကတော့ မေးရိုးချွန်ချွန်လေး
နဲ့နှုတ်ခမ်းလေးတွေ ….. နားရွက်လေးတွေကလည်း ကားကားလေးတွေ ….. အားလုံးကိုခြုံကြည့်မယ်ဆိုရင်
တော့ Chanyeol ရဲ့သားလေးက ကြီးလာရင် ဘေးနားမှာ မိန်းကလေးတွေ ဝိုင်းဝိုင်းလည်နေကြမှာပဲ …..
“ ဟေး ….. ပိုးဟပ်ဖြူလေး ….. ဘာလုပ်နေတာလဲ …… အထဲဝင်လာခဲ့လေ …… ပြုတ်ကျနေဦးမယ် ….. ဘာ
လို့ ကုန်းပတ်ပြားသေးသေးလေးပေါ်ရပ်ပြီး ငေးနေရတာတုန်း …… ဒီကလေးနဲ့တော့ခက်နေပါပြီ …… ”
Yi Fan စကားကြားမှပဲ သတိဝင်လာပြီး လှေထဲကိုဝင်လာလိုက်တယ် ….. သူများမိသားစုလေးကြည်နူးနေတာ
ကိုကြည့်ပြီး ကျွန်တော်အားကျနေမိတာပါ .… ငယ်ငယ်တည်းက ကျွန်တော်က အဲ့လိုမှမနေခဲ့ရပဲလေ …. အမေ
ဆိုတာလည်း ကျွန်တော့်ကို ကျွန်သာသာ သဘောထားခဲ့တာလေ ….. လှေက တော်တော်တော့ကြီးပါတယ် …..
ကုန်တွေတင်ထားတဲ့အပြင်ကို လူတွေနေဖို့ လေးထောင့်ဆန်ဆန်အခန်းလေးနှစ်ခန်းပါတယ် ….. တစ်ခန်းနဲ့တစ်
ခန်းကြားက အကွာအဝေးကတော့ နည်းနည်းလှမ်းတာပေါ့လေ ….. တစ်ခန်းက ကျွန်တော်တို့နေဖို့နဲ့ တစ်ခန်း
က အလုပ်သမားတွေနေဖို့ ….. Wu Yi Fan ဆိုတာ အလုပ်သမားတွေကို ဂရုစိုက်တဲ့နေရာမှာ နာမည်ကြီးပါ
တယ် ….. သူကိုယ်တိုင်ကလည်း အလုပ်သမားဆိုတာ ပိုက်ဆံပေးတိုင်းမရဘူးဆိုပြီး ခံယူထားတဲ့သူ ……
သူ့အလုပ်သမားတိုင်းက သူ့အပေါ်ကို သစ္စာရှိကြတယ် …… အလုပ်ဆိုလည်း မခိုမကပ်ပဲကြိုးကြိုးစားစားလုပ်