မနက်ခင်းနေရောင်ကြောင့် Jun Myeon အိပ်မှုန်စုံမွှားနဲ့ နိုး
ထလာခဲ့ရတယ် .. နိုးနိုးချင်း မနေ့ညကအဖြစ်အပျက်က ခေါင်း
ထဲဝင်လာတာကြောင့် ဟိုလူကြီးကို ပြူးပြဲလိုက်ရှာမိတယ် ..
တစ်ခန်းလုံးနှံ့နေအောင်လိုက်ရှာသော်ငြား အရိပ်အယောင်
တောင်မတွေ့တာကြောင့် ဖုန်းဆက်ကြည့်တော့လည်း busy
တဲ့လေ .. ဂါးးးးးးးးးး .. သူ့မှာတော့ စိုးရိမ်လိုက်ရတာ .. ဒင်း
ကတော့ ဘာမှမဖြစ်သလို ဖုန်းတောင်ပြောနေနိုင်သေးတယ်
ဆိုတော့ မသေနိုင်လောက်သေးပါဘူး .. စိတ်တိုတိုနဲ့ ခေါင်း
အုံးဆွဲပြီး အဲ့ခေါင်းအုံးကို သူအမှတ်နဲ့ အားရပါးရထုနေလိုက်
တယ် ..အေးးးးရောာာ .." ဘာတွေ အလိုမကျပြန်ပြီတုန်း ကလေး .. ကိုယ် ဖုန်းပြော
နေတာ ကြာသွားတယ် .. Sry ပါကွာ .. ကလေး ဘာစား
ချင်လဲ ? ကိုယ် မှာပေးမယ်လေ .. "" ဘာမှမစားဘူး .. ခင်ဗျားကိုပဲစားမယ် .. ဟွန့် .. "
စိတ်ပေါက်ပေါက်နဲ့ ပြောချင်ရာပြောလိုက်ပြီးမှ ကိုယ့်စကား
ကိုယ် အဓိပ္ပာယ်ပြန်ပေါက်ပြီး မျက်နှာက ချက်ချင်း ပူနွေး
လာရတယ် .. ဟိုလူကြီးကတော့ ပြုံးစိစိမျက်နှာပေးနဲ့ သူ့ကို
ကြည့်နေလေတော့ မနေတတ် မထိုင်တတ်ဖြစ်ကာ ရေချိုး
ခန်းထဲသာ ဝင်ပြေးမိတော့တယ် .. ဟိုလူကြီးကတော့ ဘယ်
လိုဖြစ်ကျန်ခဲ့မယ်မသိ .. တွေးရင်း တွေးရင်း တစ်ကိုယ်လုံး
ပူတက်လာတာနဲ့ အင်္ကျီတွေအကုန်ကောက်ချွတ်ပြီး ရေပန်း
အောက်သာ ဝင်ပြေးမိတော့တယ် .." အမယ်လေးဗျ !!!!!!!! "
စိတ်နဲ့လူနဲ့မကပ်ပဲ ဖွင့်ချလိုက်တာ ရေပူခလုတ်ကြီး .. ရုတ်
တရက်မို့ လန့်ဖျပ်သွားကာ ခုန်ရှောင်လိုက်ရင်း ငယ်သံပါ
အောင်တောင် အော်လိုက်မိသလိုပဲ .. သူ့အော်သံကြားလို့
စိုးရိမ်တကြီးပြေးဝင်လာတဲ့ လူကြီးရဲ့စကားသံတွေက တစ်
ကိုယ်လုံး naked ဖြစ်နေတဲ့သူ့ကိုကြည့်ရင်း တစ်ဝက်တစ်
ပျက်မှာသာ ရပ်သွားလေတယ် .." Jun ah !! ဘာဖြစ် ... ဖြစ် .. အင် !! "
အဲ့တော့မှ နီးစပ်ရာသဘက်တစ်ထည်ဆွဲယူလိုက်ရင်း ကမန်း
ကတန်းပတ်လိုက်ကာ ကျောခိုင်းလိုက်ရင်း အော်ထုတ်လိုက်
မိတယ် .. ဒါပေမဲ့ သူ့ကျောကို လာရောက်ထိတွေ့တဲ့အထိ
အတွေ့တစ်ခု .. အဟင့် .. ငါတော့ ဒီနေ့ ထနိုင်ပါ့မလား ?
ဒီပုံစံနဲ့ဆို Seoul တော့ ပြန်ရောက်တော့မှာပဲ .. သူ့လည်
တိုင်နားက ဝင်သက်ထွက်သက်နွေးနွေးကြောင့် Jun Myeon
တစ်ယောက် ဒူးတုန်နေပါပြီ .. အမြဲတမ်း သူ့အထိအတွေ့
တွေကြားမှာ လူက ကျဆုံးခဲ့ရစမြဲပဲမလား ? လည်ပင်းနားကို
ကလိနေရင်း မေးလာတဲ့သူ့အသံသြရှရှကြောင့် တစ်ကိုယ်လုံး
ရှိန်းတိန်းဖိန်းတိန်းဖြစ်လာသယောင် ..
![](https://img.wattpad.com/cover/36750772-288-k383370.jpg)