မနက်မိုးလင်းတော့ Yi Fan တစ်ယောက် အော်သံပေါင်းစုံ
ထွက်ကာ နိုးလာလေပြီ .. ညကအရှိန်ကြောင့် တစ်ကိုယ်လုံး
ကိုင်ပေါက်ထားသလိုနာကျင်နေရသည် .. ညကဆိုမှ ဟို
ချာတိတ်ကိုသတိရသွားလို့ အခန်းပတ်ပတ်လည်ရှာကြည့်
တော့ မရှိ .. ရေချိုးနေတယ်ဆိုရအောင်လည်း ရေကျသံ
လည်းမကြား .. လိုက်ရှာဖို့အတွက် ခုတင်အောက်ဆင်း
လိုက်တော့ ခြေထောက်တွေက အမိန့်မနာခံစွာ ပျော့ခွေကျ
သွားလေရဲ့ .. ကျတာမှ ရိုးရိုးတောင်မဟုတ် .. အောက်ပိုင်း
တစ်ခုလုံး ကျိန်းစပ်နာကျင်နေတာမို့ ဆီးစပ်နားကိုဖိထားရင်း
လဲကျသွားတာပင် .." Yi Fan !!!!! "
အော်ခေါ်သံလေးနှင့်အတူ သူ့ဘေးအပြေးရောက်လာသော
ချာတိတ် .. သူ့ကိုတွဲထူပေးရင်း ရေချိုးခန်းထဲလိုက်ပို့တယ်
လေ .. ရေချိုးခန်းထဲကပြန်မထွက်ခင်ပြောသွားတာက ...." မနေ့ညက တကယ်ပျော်ခဲ့တယ် သိလား Fan Fan .. ဒီ
လောက်နာနေတာတောင် ကျနော့်ကို အပြစ်တစ်ချက်မပြော
တာ ကျေးဇူးတင်တယ် .. ရေမြန်မြန်ချိုးပြီးထွက်လာခဲ့နော်
လူကြီး .. ကျနော် မနက်စာမစားရသေးဘူး .. "သူလည်း ခပ်မြန်မြန်ပဲ ကိုယ်လက်သန့်စင် ရေမိုးချိုးပြီး ပြန်
ထွက်လာတော့ ကလေးက သူနဲ့ဆင်တူအင်္ကျီလေးထုတ်
ထားပေးတယ်လေ .. အင်္ကျီဝတ်နေတုန်း ကြယ်သီးလာတပ်
ပေးရင်း အင်္ကျီကော်လံကိုဆွဲရင်း သူ့ကိုလာနမ်းနေရဲ့ .. ဒီ
နေ့ သူ့အလှည့်ဖြစ်အောင်လုပ်ပေးလိုက်ရနော် .. လူကိုလာ
ဆွနေတာ .. နဂါးမှန်းသိအောင် အမောက်ထောင်ပြလိုက်ဦး
မယ် .." ပြီးပြီ .. ဟီး ဟီး .. ဒီလိုကျတော့လည်း တက္ကသိုလ်
ကျောင်းသားလေးကျနေရော .. ဒီလို လူငယ်ဆန်ဆန်နေ
စမ်းပါ .. အားအားရှိ ရှပ်လက်ရှည် .. စတိုင်ဘောင်းဘီတွေ
နဲ့ .. လုံးဝကြည့်မရပု .. "သူ့ကို ရယ်ဖြဲဖြဲလာလုပ်ပြနေတဲ့ကလေးရဲ့နှာခေါင်းလုံးလုံး
လေးကို အသည်းယားလာတာနဲ့ မနာအောင်ခပ်ဖွဖွကိုက်ဆွဲ
လိုက်ပြီး မနက်စာစားဖို့ အောက်ထပ်ကိုဆင်းလာခဲ့လိုက်
တယ် .. မနက်စာစားတော့လည်း ကျနော့်အကြိုက်တွေ
ချည်း .. ဒီကလေး ဘာစိတ်ကူးပေါက်နေပါလိမ့် ? ကျနော့်ကို
ထူးထူးဆန်းဆန်းဂရုစိုက်ပြနေတာလေ .. စားသောက်ပြီး
သွားတော့ ကမ်းခြေတစ်လျှောက် ခပ်နွေးနွေးဖျာကျနေဆဲ
နေရောင်ခြည်အောက်မှာ လက်တွေတွဲရင်း လမ်းလျှောက်
ဖြစ်ခဲ့ကြတယ် .. ခါတိုင်းဆို ပေါက်ပေါက်ဖောက်နေကြ
ကလေးက ဒီနေ့ကျမှ ထူးထူးခြားခြားငြိမ်သက်လို့ ..
ကျတော်ကပဲ မနေနိုင်တာနဲ့ စကားစလိုက်မိတယ် ..
